IU နှင့် Park Seo Jun တို့သည် တောင်ကိုရီးယားနိုင်ငံ၏ အတောက်ပဆုံး အနုပညာကြယ်ပွင့်စာရင်းတွင်ပါဝင်သည်။ IU ဆိုသည်မှာလည်း သူမ၏အသံချိုချိုလေးကြောင့် ပရိတ်သတ်အခိုင်အမာရထားသော အဆိုတော် တစ်ဦးဖြစ်သည်။ Park Seo Jun ဆိုသည်မှာတော့ what wrong with secretary Kim ဇာတ်လမ်းတွဲဖြင့် မြန်မာပရိတ်သတ် ကြားတွင်လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့သူ ဖြစ်ပါသည်။
ထို့အပြင်မကြာသေးမီက ပီးဆုံးသွားသော Itaewon Class ဇာတ်ကားဖြင့်လည်းအောင်မြင်မှုများကိုထပ်မံသိမ်းပိုက်ထားပါသည်။ ထို့သို့ တောင်ကိုရီးယား၏ ကြယ်ပွင့်နှစ်ဦးပါ ဝင်ရိုက်ကူးမည့် Dream ဆိုသောရုပ်ရှင်ကားကြီးမှာ ရုံမတင်ခင်ပင် ပရိတ်သတ်များ၏စိတ်ဝင်စားမှူကို ရရှိနေပီဖြစ်သည်။ Dream movie သည်အာကစား ရုပ်ရှင်အမျိုးအစားဖြစ်သည်။ Park Seo Jun သည် ဘောလုံးအသင်းနည်းပြ အဖြစ်ပါဝင်သရုပ်ဆောင် မည်ဖြစ်ပီး IUမှာ မင်းသမီးတယောက်နေရာကနေ သရုပ်ဆောင် ပါမည်။
အဆိုပါကားကို 2021 တွင်ရုံတင်ရန် ရည်ရွယ်ထားပါသည်။ Park Seo Jun ၏တည်ကြည်သောရုပ်ရည် ပီပြင်သောသရုပ်ဆောင်မှုနှင့် IU ၏ချစ်စရာကောင်းမှူကို တနေရထဲတွင်မြင်ရနိုင်မည့် အခွင့်အရေးကောင်းလည်းဖြစ်သည်။ ထို့ကြောင့်အဆိုပါရုပ်ရှင်သည်2021 အတွက်ပရိတ်သတ် အမျှောမှန်းဆုံးရုပ်ရှင်ထဲတွင်ပါဝင်နေပါသည်။
Source: SBS Star