ဖေဖေအသစ်စက်စက်ဖြစ်သွားတဲ့ EXO အဖွဲ့ဝင် Chen

လွန်ခဲ့တဲ့လပိုင်းလောက်ကမှ မင်္ဂလာသတင်းနဲ့ ပရိတ်သတ်တွေကို တုန်လှုပ်စေခဲ့တဲ့ Chen ဟာ ဒီနေ့မှာလဲ သတင်းထူးတစ်ခုနဲ့ ပရိတ်သတ်တွေကို တုန်လှုပ်စေခဲ့ပြန်ပါပြီ။ ဒီနေ့ ဧပြီလ ၂၉ ရက်နေ့မှာပဲ Chen ရဲ့ဇနီးသည်ဟာ သမီးမိန်းကလေးတစ်ဦးကိ​ု ဆိုးလ်မြို့ ချောင်နမ်ဒုံမှာ ရှိတဲ့ ဆေးရုံတစ်ခုမှာ အောင်အောင်မြင်မြင် မွေးဖွားလိုက်ပြီး ကလေးရောမိခင်ပါ ကျန်းကျန်းမာမာ ရှိတယ်လို့သိရပါတယ်။

အသက်နှစ်ဆယ့်ရှစ်နှစ်သာ ရှိသေးပြီး အောင်မြင်မှု အထွတ်အထိပ် ရောက်နေတဲ့အချိန်မှာ မင်္ဂလာသတင်း ထွက်ပေါ်လာတာကြောင့် ပရိတ်သတ်တွေဆီက ဝေဖန်မှုတွေရခဲ့ပေမယ့်လဲ အခု သမီးကလေးရဲ့ ဖေဖေဖြစ်သွားတဲ့ အခါမှာတော့ ပရိတ်သတ်တွေဟာ ချစ်ခြင်းမေတ္တာတွေကို Chen တို့မိသားစုကို မျှဝေနေကြပါတယ်။

Chen ကိုချစ်တဲ့ ပရိတ်သတ်တွေအားလုံးလဲ Chen တစ်ယောက် တာဝန်ကျေပွန်တဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်ပြီး ချစ်ရတဲ့ဇနီး သမီးလေးနဲ့ ဘဝခရီးလမ်းသာယာဖြောင့်ဖြူးဖို့ ဆုတောင်းပေးကြပါဦးနော်။ News Bar ပရိတ်သတ်ကြီးရော Chen အတွက် ဆုတောင်းစကားလေးကို ပြောပေးသွားပါဦးနော်။

Source : allkpop, koreaboo

Share