Lee Min Ho နှင့် Kim Go Eun တို့​၏ရုပ်ရှင်အသစ် မှာဝေဖန်မှုများကြုံတွေ့နေရ

Lee Min Ho ဟုပြောလိုက်တာနှင့် တခေတ်တခါက မြန်မာပရိတ်သတ် များကြားတွင် ရေပန်းစား ခဲ့သော F4 ရုပ်ရှင်မှ ဂူဂျွန်ဖြိုးဟု လူတိုင်းမှတ်မိ နေကြသေးသည်။ ထို့အတူ မင်းသမီး Kim Go Eun မှာလည်း Cheese in the trap နှင့် Goblin စသောဇာတ်ကား များတွင်သူမ ၏သရုပ်ဆောင် ပီပြင်မှုများကြောင့် အနုပညာလောကတွင် အသက်အရွယ်ငယ်ရွယ် နေသော်လည်း ထိပ်တန်းနေရာ တခုသို့ရောက်ရှိ နေသူဖြစ်သည်။

ထိုသို့နာမည်ကြီး နှစ်ယောက်ပါဝင် သရုပ်ဆောင် ထားသော The king ဇာတ်လမ်းတွဲ မှာမထွက်ရှိသေးခင်ကပင် ပရိတ်သတ် ကြားတွင် ရေပန်းစားခဲ့သည်။ သိုသော် အမှန်တကယ် ထွက်ရှိလာသော အခါတွင် မှု မင်းသားနှင့် မင်းသမီး မှာမလိုက်ဖက်ဖူး၊ မင်းသမီး Kim Go Eun ​၏သရုပ်ဆောင်မှု မှာလိုအပ်နေသည် ဟူသောအစရှိသဖြင့် ဝေဖန်မှုများကို ကြုံတွေ့ နေရသည်။

ထိုကဲ့သို့ ပရိတ်သတ်ကြားတွင် ဝေဖန်တိုက်ခိုက် မှုများရှိနေသော်လည်း Lee Min Ho ကမှု Kim Go Eun သည် အရည်အချင်းရှိသော မင်းသမီးတစ်လတ်ဖြစ်သည့် အပြင်အလုပ်လုပ် ရသည့်နေရာတွင် လည်းအဆင်ပြေသော တွဲဖက်သရုပ်ဆောင် ကောင်းတစ်ယောက် ဖြစ်ကြောင်းပြောကြားခဲ့သည်။ ဒီအပြင် မင်းသားနှင့် မင်းသမီးတို့ သည်ကင်မရာရှေ့တွင် သာမက ကင်မရာနောက်ကွယ် မှာပါ စလိုက်နောက်လိုက်နှင့် ပျော်ပျော်ပါးပါး ရိုက်ကူးရေးကို လုပ်ဆောင်နေကြသည်။

မည်သို့ပင် ဝေဖန်တိုက်ခိုက် မှုများခံရစေကာမှု ယခုထွက်ရှိနေသော Lee Min Ho နှင့် Kim Go Eun တို့​၏ ဇာတ်လမ်းတွဲ သည် ကြည့်ရူသူ အမြင်ဆုံးရုပ်ရှင်ကား တစ်ကားဖြစ်နေသည်။ ပရိတ်သတ်ကြီး လည်း The King ဇာတ်လမ်းတွဲကို ကြည့်ရးပီးလျှင် မိမိ၏ အမြင်များကို လည်းလွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်။

Source: lovekpop95

Share