ချောမောခန့်ညားတဲ့ ကောင်လေးတွေအသွင်နဲ့ ကြီးပြင်းလာကြတဲ့ ဆောင်အမြွာလေးသုံးယောက်

ဂျူမုံလို့ မြန်မာပရိတ်သတ်တွေကြားမှာ နာမည်ကြီးတဲ့ မင်းသားချော ဆောင်အီဂွတ်ကတော့ ချစ်စရာကောင်းလွန်းတဲ့ အမြွာသားချောလေးသုံးယောက်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဒယ်ဟန် မင်ဂု မန်ဆယ်လို့ခေါ်တဲ့ သူတို့လေးသုံးယောက်ကတော့ “Return of Superman” လို့ခေါ်တဲ့ တီဗီအစီအစဉ်မှာ ဖခင်ဖြစ်သူနဲ့အတူပါဝင်ရင်း သူတို့ရဲ့ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေနဲ့ ပရိတ်သတ်တွေရဲ့အချစ်ကို သိမ်းပိုက်ခဲ့တာပါ။

အခုချိန်မှာ အသက်ရှစ်နှစ်အရွယ် ရှိနေကြပြီဖြစ်တဲ့ အမြွာလေးသုံးယောက်ဟာ ငယ်စဉ်ကလို ဝဝတစ်တစ် ကလေးငယ်လေးတွေမဟုတ်တော့ပဲ ချောမောခန့်ညားတဲ့အသွင်နဲ့ အရွယ်ရောက်လာကြပါပြီ။ Green Umberalla လို့ခေါ်တဲ့ ကလေးသူငယ်ဖောင်ဒေးရှင်းအတွက် ရိုက်ကူးတဲ့ဓာတ်ပုံနဲ့ဗီဒီယိုမှာ အမြွာလေးသုံးယောက်ဟာ ဖေဖေဆောင်အီဂွတ်နဲ့အပြိုင်ခန့်ညားသန့်ပြန့်နေတဲ့ ကောင်လေးတွေအဖြစ် အရွယ်ရောက်လာခဲ့တာကို ပရိတ်သတ်တွေက တွေ့မြင်ခဲ့ရတာပါ။

သူတို့ကိုအားပေးတဲ့ ပရိတ်သတ်တွေကတော့ အမြွာလေးတွေဘယ်လိုပဲ အရွယ်ရောက်လာလာ အချစ်ပိုနေကြဆဲပါပဲ။ ပရိတ်သတ်တွေလဲ ဆောင်အီဂွတ်နဲ့သားလေးသုံးယောက်ကို ချစ်တယ်ဆိုရင် အားပေးစကားလေးတွေပြောခဲ့ပါဦးနော်။

Source : yna.co.kr

Share