ချောမောတဲ့ရုပ်ရည်ကြောင့် လူပြောများနေတဲ့ The World of Married ဇာတ်လမ်းတွဲထဲက ကလေးသရုပ်ဆောင်လေး ရဲ့အကြောင်း

လက်တလော ပရိတ်သတ်တွေကြားမှာ ရေပန်းစားနေတဲ့ အိမ်ထောင်ရေးအရှုပ်တော်ပုံဇာတ်လမ်းတွဲ The World of Married ရဲ့အောင်မြင်မှုကတော့ ကြောက်ခမန်းလိလိပါပဲ။ ဇာတ်လမ်းရဲ့အောင်မြင်မှုနဲ့အတူ အဓိကဇာတ်ဆောင်တွေရဲ့ သားနေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ ကလေးသရုပ်ဆောင်လေးဟာလဲ သူ့ရဲ့ချောမောတဲ့ရုပ်ရည်ကြောင့် လူကြိုက်များလာခဲ့ပါတယ်။

သူ့ရဲ့အမည်ကတော့ ဂျောင်ဂျင်ဆော ဖြစ်ပြီး မေလ ၂၈ ရက်နေ့ ၂၀၀၆ ခုနှစ်မှာမွေးဖွားခဲ့လို့အသက်ဆယ့်လေးနှစ်သာရှိပါသေးတယ်။ အသက်ငယ်ငယ်လေးပဲရှိသေးပေမယ့် ကလေးဘဝတည်းက လက်ရှိအေဂျင်စီဖြစ်တဲ့ Ti entertainment နဲ့လက်တွဲပြီး ကလေးမော်ဒယ်အဖြစ်နဲ့ အနုပညာခရီးလမ်း စတင်ခဲ့တာမို့ သူ့ရဲ့အတွေ့အကြုံကတော့ မနည်းပါဘူး။

The World of Married ဇာတ်လမ်းတွဲမှာ ပြိုကွဲနေတဲ့မိသားစုရဲ့ သားတစ်ယောက်အနေနဲ့ စိတ်ဒဏ်ရာရနေတဲ့ ကလေးတစ်ယောက်အဖြစ် သရုပ်ဆောင်မှုနဲ့ ပရိတ်သတ်တွေရဲ့ စိတ်အာရုံကိုဖမ်းစားခဲ့တဲ့ ဒီကောင်လေးကတော့ The Lengend of the Blue Sea, Tale of Nokdu, Cinderella and Four Knights စတဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွဲတွေမှာလဲ ခေါင်းဆောင်မင်းသားတွေရဲ့ ငယ်ဘဝအဖြစ်ပါဝင်ခဲ့ပါသေးတယ်။

လက်ရှိမှာ လူပျိုပေါက်ကလေးဖြစ်လာပြီး ချောမောတဲ့ရုပ်ရည်ကြောင့်ရေပန်းစားလာတဲ့ ဂျောင်ဂျင်ဆောဟာ တောင်ကိုရီးယားရဲ့ ဇာတ်လမ်းရိုက်ကူးမှုအများဆုံးကလေးသရုပ်ဆောင်တွေထဲက တစ်ယောက်ဖြစ်ပြီး ဒီနေ့အထိ ရုပ်ရှင်ဇာတ်လမ်းတွဲပေါင်း ၄၀ ကျော်မှာပါဝင်သရုပ်ဆောင်ခဲ့တာပါ။ ဒီနောက်ပိုင်းမှာ ချောမောတဲ့ရုပ်ရည်ကြောင့် ပိုနာမည်ကြီးလာတဲ့ မမတို့ရဲ့အသဲစွဲမောင်လေးဟာ instagram လဲ သုံးတာမို့ @jeon.jin.seo ဆိုတဲ့ သူ့ရဲ့အကောင့် follow လုပ်ပြီး သူ့ရဲ့ပုံလှလှလေးတွေကို ကြည့်လို့ရပါတယ်နော်။

source: asianwiki

Share