သရုပ်ဆောင် Park Seo Jun မှ BTS အဖွဲ့ဝင် V နှင့်သူ့​၏ ခိုင်မြဲတဲ့သူငယ်ချင်း သံယောဇဉ် အကြောင်းဖွင့်ဟပြောဆို

Park Seo Jun ဆိုသည်မှာ ယခုလတ်တလော ပြသခဲ့သော Itaewon Class ဇာတ်လမ်းတွဲဖြင့် မိန်းကလေးပရိတ်သတ် ကြားတွင် အောင်မြင်နေသော မင်းသားတစ်ဦး ဖြစ်သည်။ အလားတူပင် BTS အဖွဲ့ဆိုသည်မှာလည်း အာရှတွင် သာမက အနောက်နိုင်ငံ များတွင်ပါ လူကြိုက်များ အောင်မြင်ကျော်ကြားနေသော တောင်ကိုရီးယား အဆိုတော်အဖွဲ့ ဖြစ်သည်။ V သည်ထို အဖွဲ့​၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်သည်။

သူတို့နှစ်ဦးကြားက ဆက်ဆံရေးကို မင်းသား Park Seo Jun မှမကြာသေးမီက ပြုလုပ်ခဲ့သော interview တစ်ခုတွင် ဖွင့်ဟပြောဆိုလာသည်။ သူတို့နှစ်ဦးဟာ Hwarang ဆိုသောရုပ်ရှင် ဇာတ်လမ်းတွဲ ရိုက်ကူရင်းနှင့် စတင်သိကျွမ်း ခဲ့ကြပါသည်။ နောက်ပိုင်းတွင် တဖြည်းဖြည်း ရင်းနှီးလာပီး ယခုဆိုလျှင် ညီအကိုအရင်းအချာလို ဖြစ်လာခဲ့သည်ဟု ပြောဆိုထားပါသည်။

ထို့အပြင် V နှင့် Park Seo Jun တို့ဟာသူတို့၏ ပူပန်သောက နှင့် စိတ်ညစ်စရာကိစ္စများကိုလည်း အချင်းချင်း တိုင်ပင်ဆွေးနွေးကြ တယ်လို့ဆိုပါတယ်။ မင်းသားနှင့် အဆိုတော် ဆိုပီးမတူညီတဲ့ နယ်ပယ်မှာ အလုပ်လုပ်နေကြပင်မဲ့ Park Seo Jun က V သည်သူ​၏ခံစားချက်ကို အသိဆုံးနှင့် သူ့အပေါ်နားအလည်နိုင်ဆုံး ညီလေးတစ်ယောက်ဖြစ်သည် ဟုထပ်ပြော ကြားခဲ့ပါသေးသည်။

ထိုမျှသာမကသေး သူတို့သည်တစ်ယောက် အောင်မြင်မှုကို တစ်ယောက်က ပျော်ရွှင်ပေးတတ်သော သူငယ်ချင်းကောင်း ညီအကိုကောင်း ဖြစ်ကြပါသေးသည်။ Park Seo Jun ​၏စာနယ်ဇင်းမိတ်ဆက်ပွဲနှင့် အခြားပရိုမိုးရှင်း ပြုလုပ်သောပွဲများ တွင် V သည်တက်ရောက် အားပေးသကဲ့သို့ Park Seo Jun မှာလည်း BTS show ပွဲများကို သွားရောက်အားပေးလေ့ ရှိသည်။ သူတို့ကြားက သူငယ်ချင်း ညီအကို ဆက်ဆံရေးသည် တောင်ကိုရီးယား ပရိတ်သတ်ကြားတွင်လည်း အမြဲပြောစမှတ်တွင် အားကျစရာ ဖြစ်နေလေ့ရှိသည်။

Source: SBS star

Share