Big Bang အဖွဲ့ပရိတ်သတ်ထံ သိချင်းအသစ်များနှင့် ပြန်လာမည် သို့သော် Seungri မပါ

တောင်ကိုရီးယားနိုင်ငံ​ ၏ နာမည်ကြီး အမျိုးသား Boy Band တစ်ခုဖြစ်သော Big Bang သည်ယခုနှစ် နှောင်းပိုင်းတွင် ပရိတ်သတ်ထံသို့ သီချင်းအသစ် ဖြင့် ပြန်လာတော့မည် ဖြစ်ကြောင်း ကြေငြာလိုက်ပါသည်။ ၂၀၁၇ နောက်ပိုင်းတွင် ပရိတ်သတ်နှင့် အဆက်အသွယ် ပြတ်သွားသော Big Bang အဖွဲ့ အနုပညာလောကသို့ ပြန်လည်ဝင်ရောက် လာတော့မည့် ဟုပြောသောအခါ ကမ္ဘာအနှံ့နေရာအသီးသီးမှ ပရိတ်သတ်များသည် စိတ်ဝင်စားစွာ မျှော်လင့်စောင့်စား နေကြသည်။

ကနဦးတွင် Big Bang သည်သူတို့​၏ သီချင်းအသစ်ကို ဧပြီလကုန်တွင် ထွက်ရှိနိုင်မည်ဟုဆိုသော်လည်း Corona ကြောင့်အောက်တိုဘာလ သို့ဆိုင်းငံလိုက်ရသည်။ Big Bangအဖွဲ့ဟာ သူတို့သီချင်း​၏ ပထမဦးဆုံး ဖျော်ဖြေမှုကို Coachella Valley Music and Arts Festival တွင်ပြုလုပ်မည်ဖြစ်သည်။ သို့ပင်မဲ့ယခုဖော်ဖြေမှုတွင် အဖွဲ့ဝင် ၄ ဦးသားပါဝင်တော့မည် ဖြစ်သည်ဟု သူတို့​၏ YG Entertainment မှပြောဆိုထားသည်။

YG entertainment အောက်တွင်ရှိသော BLACKPINK အဖွဲ့သည် ကျန်ခဲ့တဲ့နှစ်က Kill This Love သီချင်းကို Coachella ပွဲမတိုင်မီ ထွက်ရှိခဲ့ပီး အဆိုပါပွဲတွင် ထိုသီချင်းဖြင့်ဖျော်ဖြေခဲ့ရာ လူအများ​၏ အားပေးမှုကိုရခဲ့သည်။ ထို့ကြောင့် ယခုနှစ်တွင်လည်း YG မှ Big Bang အဖွဲ့ကိုမနှစ်က လမ်းစဉ်အတိုင်း လုပ်သွားဖွယ်ရှိသည်ဟု လူအများကပြောဆိုနေကြသည်။ စာရေးသူကိုယ်တိုင်လည်း Big Bang ​၏ fan ဖြစ်သည့်အတွက် သူတို့​၏သီချင်းအသစ် ကိုမျှော်လင့် နေမိပါသည်။ ပရိတ်သတ်ကြီး လည်း Big Bang အဖွဲ့ကိုသတိရသေး ရဲ့လားမသိဘူးနော်။

Source…SBS star

Share