Rain နှင့် လက်ထပ်ပီးကာမှ ပိုမိုပျော်ရွှင်လာရသည်ဟု ဆိုသော Kim Tae Hee

Kim Tae Hee နှင့် Rain ဟာ 2017 တွင်ပျော်ရွှင်စွာ လက်ထပ် ထားသော တောင်ကိုရီးယားနိုင်ငံ ​၏အကျော်ကြားဆုံး မင်းသားနှင့် မင်းသမီး ဖြစ်သည်။ ယခုသူတို့တွင် ချစ်စရာကောင်းသော သမီးလေးနှစ်ယောက် လည်းရှိနေပီဖြစ်သည်။ Kim Tae Hee ဆိုသည်မှာလည်း တခါတုန်းက တက္ကသိုလ် ဇာတ်လမ်းတွဲဖြင့် မြန်မာပရိတ်သတ်များ သိခဲ့ကြပါသည်။

Rain မှာလည်း ချစ်စံအိမ် ဇာတ်ကားဖြင့် တဟုန်ထိုးနာမည်ကြီး ခဲ့သည်။ ထိုသို့နာမည်ကြီး မင်းသား၊ မင်းသမီး နှစ်ယောက်​၏ အိမ်ထောင်ရေးမှာ အများသူငှာ အားကျစရာကောင်းလောက်အောင်ကို ပျော်ရွယ်စရာဖြစ်နေပါသည်။ Kim Tae Hee မှာဒုတိယ သမီးလေးမွေးပီး သိပ်မကြာခင်မှာပင် Bye Bye Mama ဟူသောဇာတ်လမ်းတွဲဖြင့် ပရိသတ်ထံ ပြန်လာခဲ့သည်။

ဧပြီလ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့သော Interview တွင် မင်းသမီးမှ “ ကျွန်မကြိုးစာပီး ကျွန်မကလေးတွေ အတွက်အချိန်ရော မေတ္တာရော ပေးနိုင်တဲ့ အမေကောင်းတစ်ယောက် ဖြစ်အောင်လုပ်နေပါတယ်။ ကျွန်မကလေးတွေ အရွယ်ရောက်လာရင် သူတို့ဟာ ကျွန်မကို အမေလိုရော သူငယ်ချင်းလိုပါ အားကိုးနိုင်တဲ့ သူဖြစ်ချင်ပါတယ်လို့ “ ဖြေကြား ခဲ့ပါတယ်။

ထို့အပြင် ခင်ပွန်းဖြစ်သော Rain နှင့်ပက်သက်၍ လည်း “ လက်ထပ်လိုက်တာဟာ ကျွန်မအတွက်စိန်ခေါ်မှု အသစ်တွေအများကြီး ရပါတယ်။ အမြဲတမ်း ပျော်ရွှင်မှုကြီးပဲ ရှိမနေသလို စိတ်ညစ်စရာတွေ ချည်းပဲလည်း မဟုတ်ပါဘူး။ သူနဲ့ လက်ထပ်လိုက်သောကြောင့် ကျွန်မဟာ ပိုပီးပြည့်စုံကောင်းမွန်တဲ့ လူတစ်ဦးဖြစ်သွားသလို ခံစားရပါတယ်” လို့ လည်းပြောကြား သွားပါတယ်။

လူတစ်ဦးဟာ အိမ်ထောင်ရေး နှင့် ငွေရေးကြေးရေး နှစ်ခုစလုံးတွင် ပြည့်စုံရန်မှာ လွန်စွာခက်ခဲလှပါသည်။ သိုသော်လည်း မင်းသမီး Kim Tae Hee သည်နှစ်ဖက်စလုံးတွင် ထူးချွန်စွာ အောင်မြင်နေသည်ဟု ယူဆနိုင်ပါသည်။ ထိုအောင်မြင်မှုကြီးကို ရည်ရှည်ဆက်လက်၍ မိသားစုနှင့်အတူ ကျန်းကျန်းမာမာဖြင့် ထိန်းသိမ်း သွားနိုင်ပါစေဟု Myanmar Cele Bar group မှဆုတောင်းပေးလိုက်ပါတယ်။

Source: SBS star

Share