စီးပွားရေးဆန်လွန်းတယ်လို့ ဝေဖန်မှုတွေ မြင့်တက်နေတဲ့ The King: Eternal Monarch ဇာတ်လမ်းတွဲ

နာမည်ကျော်မင်းသား Lee Min Ho နဲ့ မင်းသမီး Kim Goeun တို့ပါဝင်သရုပ်ဆောင်ထားတဲ့ The King ဇာတ်လမ်းတွဲဟာ မထုတ်လွှင့်ခင်ကတော့ ပရိတ်သတ်တွေအနေနဲ့ မျှော်လင့်တကြီးစောင့်ဆိုင်းနေခဲ့ရပေမယ့် တကယ်တမ်းပြသတဲ့အခါမှာတော့ ဝေဖန်မှုတွေ မြင့်တက်လျက်ရှိပါတယ်။

နောက်ဆုံးထုတ်လွှင့်ခဲ့တဲ့အပိုင်းမှာ ပရိတ်သတ်တွေကို စိတ်ပျက်စေတဲ့အချက်ကတော့ sponsor ပစ္စည်းတွေကို လိုတာထက်ပိုပြီးထည့်သွင်းရိုက်ကူးထားလို့ပါ။ ကိုရီးယားဇာတ်လမ်းတွဲအများစုမှာ ကြော်ငြာပစ္စည်း ထည့်ရိုက်တာပုံမှန်ဖြစ်ပေမယ့် The King ကတော့ အလွန်အကြူးမို့ ရုပ်ရှင်ကြည့်ရတာ ကြော်ငြာကြည့်နေရသလိုပဲလို့ ပြောနေကြတာပါ။

သရုပ်ဆောင်တွေက sponsor ပေးထားတဲ့ စားသောက်ကုန်တွေကို ကြော်ငြာရိုက်နေသလိုကို တံဆိပ်အကြာကြီးပေါ်အောင်လုပ်ရတဲ့အပြင် ကြော်ငြာဆန်ဆန် စကားတွေကိုပါ ထည့်ပြောပေးနေရတာမို့ ထိပ်တန်းမင်းသားမင်းသမီးတွေအနေနဲ့ ဒီလိုလုပ်ရပ်မျိုးတွေလုပ်နေရတာ အတော်ကို ကသိကအောက်ဖြစ်မယ်လို့လဲ ပရိတ်သတ်တွေက စိုးရိမ်နေကြပါတယ်။

The King ဇာတ်လမ်းတွဲဟာ စတင်ထုတ်လွှင့်ပြသကတည်းက ကွန်ပြူတာ graphic တွေညံ့ဖျင်းလို့၊ ရိုးရာဝတ်စုံကို ပြောင်းလဲပစ်လိုက်လို့ စသည်ဖြင့် ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပြီး ထင်သလောက်မအောင်မြင်ခဲ့တာပါ။ ပရိတ်သတ်တွေရဲ့ ဇာတ်လမ်းတွဲရဲ့ အပိုင်းသစ်ကိုကြည့်ပြီး ဘယ်ကြော်ငြာကို သတိထားမိကြလဲဆိုတာ ပြောပြပေးသွားကြပါဦးနော်။

source: koreaboo

Share