ဘဝမှာကျေနပ်ပီတိအဖြစ်ရဆုံးအရာကို ထုတ်ပြောခဲ့တဲ့ Ji Chang Wook

မြန်မာပရိတ်သတ်တွေ K2 လို့ သိကြတဲ့မင်းသားချော Ji Chang Wook ကတော့ သူ့ရဲ့ချောမောတဲ့ရုပ်ရည်နဲ့ သရုပ်ဆောင်ကောင်းမွန်မှုကြောင့် လက်ရှိမှာ တောင်ကိုရီးယားရဲ့ ဝင်ငွေအကောင်းဆုံးမင်းသား တစ်ယောက်အနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။

လက်ရှိမှာ ထိပ်တန်းမင်းသားတစ်ယောက် ဖြစ်ပေမယ့် သူဖြတ်သန်းလာရတဲ့ငယ်ဘဝကတော့ မချောမွေ့ခဲ့ပါဘူး။ သူငါးတန်းအရွယ်မှာ ဖခင်ဆုံးပါးပြီးနောက် အမေကသူ့ကို တစ်ယောက်တည်း ကျွေးမွေးခဲ့ပြီး စီးပွားရေးကြပ်တည်းခဲ့သလို အကြွေးတွေလဲအများကြီးတင်ခဲ့ပါတယ်တဲ့။ အနုပညာလောကထဲဝင်ပြီး အတန်ကြာတဲ့အထိ ကြပ်တည်းစွာ နေထိုင်ခဲ့ရတာပါ။

Empress Ki ဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်အားပေးမှု အခိုင်အမာရရှိလာတာနဲ့တစ်ပြိုင်နက် အမေ့ကိုကျေးဇူးဆပ်နိုင်ခဲ့တဲ့ Ji Chang Wook ကတော့ သူ့ဘဝမှာအကျေနပ်ရဆုံးဟာ အိမ်မှာတင်နေတဲ့အကြွေးတွေကို အကြေဆပ်ပေးလိုက်နိုင်တာနဲ့ အမေ့အတွက် အိမ်တစ်လုံးဝယ်ပေးနိုင်ခဲ့တာပါလို့ ရုပ်သံအစီအစဉ်တစ်ခုမှာ ဖွင့်ဟခဲ့ပါတယ်။

အမေကိုသိတတ်တဲ့ သားလိမ္မာလေး Ji Chang Wook ရော သားကိုဒီအခြေနေထိရောက်အောင် မားမားမတ်မတ် ပျိုးထောင်ပေးခဲ့တဲ့ သူ့မေမေရော အခုချိန်မှာတော့ ပန်းခင်းလမ်းကိုပဲလျှောက်နေရပါပြီ။ ပရိတ်သတ်တွေလဲ Ji Chang Wook ကိုချစ်တယ်ဆိုရင် မှတ်ချက်လေးတွေ ရေးသွားပေးကြပါဦးနော်။

source : soompi

Share