အနုပညာရှင်တွေဟာ အောင်မြင်လာတာနဲ့အမျှ သူတို့စိုက်ထုတ်ရတဲ့ ပင်ပန်းမှု အနုပညာစတာတွေရဲ့ တန်ဖိုးကြောင့် သူတို့ရဲ့အနုပညာကြေးကလဲ ကြီးလှပါတယ်။ ဒီမင်းသား ၁၀ ဦးကတော့ ၂၀၂၀ ရဲ့ကြေးအမြင့်ဆုံး မင်းသမီးတွေပါ။
10. Park Shin Hye
၂၀၀၃ ခုနှစ်တည်းက အနုပညာလောကထဲကိုဝင်လာပြီး ကလေးသရုပ်ဆောင်ဘဝကနေ အခုချိန်ထိ အောင်မြင်မှုကိုထိန်းထားနိုင်တဲ့ သူမရဲ့ အနုပညာကြေးကတော့ ဇာတ်လမ်းတွဲတစ်ပိုင်းကို $16700(မြန်မာငွေ သိန်း၂၀၀ ကျော်) ပါ။
9. Park Bo Young
ကလေးလေးလို ချစ်စရာကောင်းတဲ့ပုံစံနဲ့ သရုပ်ဆောင်တဲ့နေရာမှာတော့ ဆရာတစ်ဆူဖြစ်ပြီး နာမည်ကျော်ဇာတ်လမ်းတွဲတွေအများကြီးရိုက်ကူးထားတာကြောင့် အနုပညာကြေးအနေနဲ့ ဇာတ်လမ်းတွဲတစ်ပိုင်းကို $25000 (မြန်မာငွေသိန်း ၃၅၀) ရရှိပါတယ်။
8. Shin Min Ah
အသက် ၃၆ နှစ်ရှိပြီဖြစ်ပေမယ့် အရွယ်နဲ့မလိုက်အောင်နုပျိုလွန်းတဲ့ Gumiho မင်းသမီးလေးကလဲ ဇာတ်လမ်းတွဲတစ်ပိုင်းကို $25000 နဲ့ ဒီနှစ်အတွက်လှုပ်ရှားမှုမရှိသေးပေမယ့် အနုပညာကြေးအမြင့်ဆုံးမင်းသမီးတွေထဲမှာ ပါဝင်နေပါတယ်။
7. Gong Hyo Jin
တမူထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည် ဖက်ရှင်ဒီဇိုင်းတွေနဲ့ ပရိတ်သတ်အားပေးမှုအခိုင်အမာရထားတဲ့ ဒီစာရင်းမှာနှစ်တိုင်းရပ်တည်နေတာဖြစ်ပြီး ၂၀၂၀ အတွက် အနုပညာကြေးကတော့ ဇာတ်လမ်းတွဲတစ်ပိုင်းကို $33400 (မြန်မာငွေသိန်း ၄၆၀ ေကျာ်)ပါ။
6. Kim Tae Hee
ကလေးနှစ်ယောက်ရပြီးတာတောင် အလှမပျက်ပဲ အနုပညာစွမ်းရည်ကလဲ အရင်ထက်တောင်ပိုကောင်းလာကြောင်း သက်သေပြခဲ့တဲ့ မမရဲ့ အနုပညာကြေးကလဲ Gong Hyo Jin လိုပဲ ဇာတ်လမ်းတွဲတစ်ပိုင်းကို $33400 ပါပဲ။
5. Song Hye Kyo
၂၀၀၀ ပြည့်နှစ်တွေကတည်းက ရိုက်သမျှဇာတ်လမ်းတွဲတိုင်း အောင်မြင်သလို လှပတဲ့ရုပ်ရည်နဲ့ သရုပ်ဆောင်မှုကြောင့် အောင်မြင်နေတဲ့ မင်းသမီးကတော့ အနုပညာကြေးအနေနဲ့ ဇာတ်လမ်းတွဲတစ်ပိုင်းကို $41800 (မြန်မာငွေသိန်း ၅၈၀ခန့်) ရပါတယ်။
4. Choi Ji Woo
Stairway to Heaven ဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်ရင်ထဲကိုရောက်လာတဲ့ သူမကတော့ အခုချိန်မှာ ဇာတ်ကားရိုက်ကူးမှုမရှိတာတောင် ဇာတ်လမ်းတွဲတစ်ပိုင်းကို အနုပညာကြေး $41800 နဲ့ ဒီစာရင်းထဲမှာ ပါဝင်နေတုန်းပါပဲ။
3. Ha Ji Won
သိပ်မကြာခင်ကမှ Chocolate ဇာတ်လမ်းတွဲနဲ့ ပူပူနွေးနွေးအောင်မြင်မှုရရှိထားတာပါ။ ဘယ်လိုကာရိုက်တာမျိုးမဆို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့မင်းသမီးမို့ သူမရဲ့အနုပညာကြေးကတော့ တစ်ပိုင်းကို $42000 (မြန်မာငွေသိန်း ၆၀၀ ခန့်ပါ)
2. Lee Young Ae
ဆယ်စုနှစ်နှစ်ခုနီးပါး ထိပ်တန်းမင်းသမီးစာရင်းမှာပါဝင်ခဲ့တာမို့ အောင်မြင်မှုကတော့ပြောစရာမလိုပါဘူး။ ဇာတ်လမ်းလဲသေချာရွေးပြီး ရိုက်ပြီဆိုရင်လဲ ဇာတ်လမ်းတွဲတစ်ပိုင်းကို $83500 (မြန်မာငွေသိန်းတစ်ထောင်ကျော်) ရရှိပါတယ်။
1. Jun Ji Hyun
အလှအပရော၊ အနုပညာစွမ်းရည်ရော၊ အောင်မြင်မှုရောက အံ့အားသင့်စရာပါပဲ။ ဇာတ်လမ်းတွဲတစ်ပိုင်းကို $83900 (မြန်မာငွေသိန်း ၁၂၀၀ခန့်) နဲ့ ကိုရီးယားရဲ့ အနုပညာကြေးအမြင့်ဆုံး မင်းသမီး ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားပါတယ်။
သူတို့ရဲ့ဘဝကတော့ ရုပ်ရည်ရောစည်းစိမ်ရော ပြည့်စုံလွန်းတာမို့ အားကျစရာပါပဲနော်။ ပရိတ်သတ်တွေလဲ ကိုယ်အားပေးတဲ့ မင်းသမီးက ဒီစာရင်းရဲ့နံပါတ်ဘယ်လောက်မှာ ရပ်တည်နေလဲဆိုတာ မှတ်ချက်လေးတွေပေးခဲ့ပါဦး။