ပရိတ်သတ်ကြီး ကြည့်သင့်သည့် ၂၀၁၉ထွက် Gong Yoo ၏ ရုပ်ရှင်အသစ် “Kim Ji Young, Born 1982”

၂၀၁၉၊ အောက်တိုဘာတွင် ထွက်ရှိခဲ့သော Gong Yoo ၏ရုပ်ရှင်အသစ်ဟာဆိုရင် အားလုံးလက်လွှတ်မခံသင့်သော ရုပ်ရှင်တခုပဲ ဖြစ်ပါတယ်။ Gong Yoo နှင့် Jung Yu Mi တို့၏ Train To Busan ရုပ်ရှင်အပီး နောက်ထပ်ထပ်မံ၍ တွဲဖက်အနေဖြင့် ရိုက်ကူးထားသောရုပ်ရှင်လည်း ဖြစ်ပါတယ်။
အဆိုပါ Kim Ji Young, Born 1982 ဆိုသည့်ရုပ်ရှင်ဟာ အမျိုးသမီးတွေ၏ လုပ်နိုင်စွမ်းရည်၊ အောင်မြင်မှု၊ အခက်အခဲများကို တွန်းလှန်နိုင်မှု စသည်တို့ကို အသားပေးရိုက်ကူးထားတာဖြစ်သည့်အတွက် အမျိုးသမီးပရိတ်သတ်များအနေဖြင့် သေချာပေါက် လက်လွတ်မခံဘဲ ကြည့်သင့်ပါတယ်နော်။

Deo Hyun ( Gong Yoo) နှင့် Ji Young တို့ဇနီးမောင်နှံဟာ တို့ရဲ့ အိမ်ထောင်ရေးဟာ သာယာဖြောင့်ဖြူ း နေပါတယ်။ သိုေ့သာ်ဇနီးဖြစ်သူ Ji Youngတွင် depression (စိတ်ဓာတ်ကျဆင်းမှု) ဖြစ်နေသည်ကို ယောကျ်ားဖြစ်သူက သတိထားမိလာသည်။ ဇနီးသည်ဟာ သူမ၏ ဘဝတစ်လျှောက်လုံး အိမ်ထောင်မှုနိုင်နင်းရမည်ဆိုသော ခေါင်းစဉ်အောက်မှာနေကာ မီးဖိုချောင်တွင်သာ သူမ၏ဘဝကို အချိန်ကုန်ခဲ့ရပါသည်။

ရိုးရာကန်တော့ပွဲ၊ ဓလေ့ထုံးစံပွဲများလုပ်လျှင်လည်း အစစရာရာကို ချွေးမဖြစ်သူကိုသာ ခိုင်းစေကြသော မိမိမိသားစုဝင်များ၏ ဇနီးဖြစ်သူအပေါ် မျှတစွာ မဆက်ဆံမှုများကိုလည်း Deo Hyun တွေ့လာရသည်။ နောက်ပိုင်းတွင် ဇနီးဖြစ်သူမှ သူငယ်ချင်းသွင်းပေးသော အလုပ်ခွင်တွင် အလုပ်လုပ်တော့မည်ဟု ဆိုလာသည်။ ထိုအခါတွင် ဇနီးဖြစ်သူ၏ အရာရာကိုကူညီပေးချင်သော Deo Hyun ဟာခွင့်ပြုခဲ့သည်။

Ji Young ကလည်း သူမ၏ ကွယ်မြုတ်နေသော စွမ်းရည်၊ အရည်အချင်းများကို အလုပ်ခွင်ထုတ်ပြနိုင်ခဲ့ပီး အိမ်ထောင်ရေးတွင်သာမက စီးပွားရေးတွင်ပါ အောင်မြင်သော အမျိုးသမီး ဖြစ်လာခဲ့သည်။ အဆိုပါဇာတ်ကားသည် တောင်ကိုးရီးယားနိုင်ငံ၏ အမျိုးသမီး အခွင့်အရေးကို မီးမောင်းထိုးပြထားသော ရုပ်ရှင်တစ်ခုဖြစ်ပါသည်။

ချွေးမဆိုလျှင် ယောက္ခမ၊ အမျိုးသား စသည့်တို့၏ ကိစ္စအရပ်ရပ်ကို အကုန်လုပ်ပေးရမည်ဟူသော တောင်ကိုးရီးယားနိုင်ငံ၏ မျှတမှုမရှိသော ဓလေ့ထုံးစံကိုလည်း ပေါ်လွင်အောင် ရိုက်ကူးထားပါသည်။ ထို့အပြင် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးအား အလုပ်ခွင်တွင် ခွဲ့ခြားဆက်ဆံခြင်း၊ မျှတမှုမရှိခြင်း စသည်တို့ကိုလည်း ထည့်သွင်းရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

အိမ်ဦးနတ်ဟုဆိုသည့် အမျိုးသားသည်လည်း အိမ်ထောင်တခု သာယာဖို့အတွက် မည်မျှအရေးပါသည်ကိုလည်း တွေ့ရပါသည်။ ကိုယ့်၏ဇနီးသည်အား စိတ်အား၊ လူအားဖြင့် အစစအရာရာ ပံပိုးပေးနိုင်သော အိမ်ထောင်ဦးစီး တစ်ယောက်ဖြစ်ရန် လိုအပ်ကြောင်းကိုလည်း မြင်ရမှာပါ။ အချုပ်အားဖြင့်ဆိုလျှင် အဆိုပါဇာတ်ကားသည် အမျိုးသမီးတို့၏ အခွင့်အရေး ၊ အမျိုးသမီးတို့၏ လုပ်ပိုင်ခွင့်ကို ဇာတ်အိမ်ကောင်းကောင်းတည်ပီး ရိုက်ကူးထားတာပဲဖြစ်ပါသည်။
အမျိုးသမီးဆိုသည်မှာ ဟင်းချက်ဖို့၊ ကလေးထိန်းဖို့သာမက အလုပ်ခွင်တွင်လည်း ထက်မြက်သည့်လူတစ်ဦး ဖြစ်နိုင်သည်ဟု လစ်ဟာပြသထားသော ရုပ်ရှင်ကောင်းတစ်ခုပင် ဖြစ်ပါသည်။

Source: Annyeongoppa.com

Share