“Oh My Baby” ဇာတ်လမ်းတွဲ တွင်ပါဝင်သရုပ်ဆောင်မည့် Jang Nara

TVN မှထုတ်လွှင်တော့မည့် Oh My Babyဆိုသည့် ဇာတ်လမ်းတွဲဟာ မေလ၂ရက်နေ့တွင် နမူနာဗီဒီယိုထွက်ရှိလာပါတယ်။ နမူနာဗီဒီယိုတွင်တော့ Jang Nara ရဲ့ဘဝခရီးလမ်းမှာ အမျိုးသား.၃ ဦး ပါဝင်ပက်သက်လာပီး သူမ၏ဘဝ၏ ခံယူချက်များ၊ အတွေ့အကြုံများ ပြောင်းလဲမှုများများ ကြုံတွေ့နေရပုံနှင် တက်ဆက်ထားပါသည်။

Oh My Baby ဇာတ်လမ်းတွဲဟာ အလုပ်ခွင်တွင်အောင်မြင်နေသော အမျိုးသမီးတစ်ဦးအကြောင်းဖြစ်ပီး သူမဟာအလုပ်ကိုသာစိတ်ဝင်းစား၍ အိမ်ထောင်ပြုရမည့်အရေးကို လုံးဝစိတ်မဝင်စားသူဖြစ်သည်။ သို့သော်သူမက ဘဝတွင်တယောက်တည်း ရှင်သန်ဖြတ်သန်းခဲ့ရတာ အထီးကျန်နေပီဖြစ်သောကြောင့် အိမ်ထောင်မပြုချင်သော်လည်း သားသမီးလိုချင်လာခဲ့သည်။

ထို့အချိန်တွင်တွင် သူမ၏ ဘဝထဲ့သို့ အမျိုးသား ၃ ဦး ဝင်ရောက်လာခဲ့သည်။ သူမနှင့် ထိုအမျိုးသားများကြားမှ အချစ်ရေး၊ လူမှုရေး၊ ယုံကြည်မှု စသည်တို့ကို ဟာသဆန်ဆန်၊ ဒရာမာဆန်ဆန် ရိုက်ကူးထားသည်ကို တွေ့ရမှာပါ။ ထို့အပြင် Oh My Baby ဇာတ်လမ်းတွဲဟာ single paraents ( မိဘတစ်ဦးတည်း သားသမီးကို ပြုစုပျိုးထောင်ခြင်း) တွေရဲ့အခက်အခဲ၊ ပတ်ဝန်းကျင်၏အမြင်၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု စသည်တို့ကိုလည်း ထည့်သွင်းရိုက်ကူးထားသည်ဟုဆိုသည်။


Oh My baby ဇာတ်လမ်းတွဲဟာ ၂၀၂၀ မေလ ၁၃ ရက်နေ့တွင် TVN ရုပ်သံလိုင်းမှ ထုတ်လွှင့်မှာပဲ ဖြစ်ပါတယ်။

Source: Annyeongoppa

Share