မိဘတွေအတွက် ဒေါ်လာသန်းချီတန်တဲ့ လက်ဆောင်ကြီးပေးလိုက်တဲ့ BTS အဖွဲ့ဝင် Jin

လက်ရှိကမ္ဘာတစ်လွှားမှာ အောင်မြင်ကျော်ကြားနေတဲ့ BTS အဖွဲ့ကတော့ ပေါ်ပြူလာဖြစ်လာတာနဲ့အမျှ ဝင်ငွေအရမ်းကောင်းတဲ့ သူဌေးလေးတွေ ဖြစ်လာကြတာလဲ အားလုံးအသိပါ။ တစ်နှစ်ကို ဒေါ်လာသန်းနဲ့ချီရှာနိုင်နေပြီဖြစ်တဲ့ Jin ကတော့ သူ့မိဘတွေအတွက် လက်ဆောင်ကြီးတစ်ခု ပေးလိုက်ပါတယ်။

Jin ဟာ Hannam the Hill လို့ခေါ်တဲ့ ကိုရီးယားရဲ့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ 3.4 သန်းတန်တဲ့ ဇိမ်ခံအိမ်ကြီးကို ၂၀၁၈ တည်းက ပိုင်ဆိုင်ထားခဲ့တာဖြစ်ပြီး အခုတော့အဲ့ဒီအိမ်ကြီးမှာရှိတဲ့ အကျိုးခံစားခွင့်အားလုံးကို သူ့မိဘတွေနာမည်နဲ့ ပိုင်ဆိုင်မှုလွှဲပေးလိုက်ပြီလို့ ဆိုပါတယ်။

အိမ်ကြီးဟာ 233 meter square ရှိလို့ အရမ်းကျယ်ပြီး Hannam the Hill အိမ်ယာကလဲ တော်ရုံလူတွေ အနားတောင်မကပ်နိုင်အောင် စျေးမြောက်တာဖြစ်ပါတယ်။ အခြားနာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ Lee Seung Chul, Han Hyo Joo တို့ရဲ့ အိမ်ကြီးတွေလဲ အနီးတစ်ဝိုက်မှာရှိပါတယ်တဲ့။

Kpop လောကမှာ ဒီလိုအောင်မြင်လာဖို့ အခက်အခဲမျိုးစုံနဲ့ ရုန်းကန်ခဲ့ရပေမယ့် အခုတော့သန်းကြွယ်သူဌေးလေးဖြစ်နေတဲ့ Jin ဟာ ဒီလိုပုံစံနဲ့မိဘကျေးဇူးကို ဆပ်နိုင်ခဲ့ပါပြီ။ ပရိတ်သတ်တွေလဲ သားလိမ္မာလေး Jin ကိုချစ်ကြတယ်ဆိုရင် မှတ်ချက်ကလေးတွေ ရေးသွားပေးပါဦးနော်။

source: allkpop

Share