Song Jong Ki ပါဝင့်မည့် Bogota ရုပ်ရှင် မထုတ်လွှင့်နိုင်တော့ဟု သတင်းမှားများထွက်နေ

မင်းသား Song Jong Ki ဟာသူ​၏ ရုပ်ရှင်သစ် Bogota ဟူသော ဇတ်ကားကို ရိုက်ကူးရန် ၂၀၂၀၊ ဇန်နဝါရီလတွင် Colombia သို့သွားရောက်ခဲ့ပါသည်။ ကနဦးစတွင် Colombia တွင် ၃ လခန့်နေထိုင်ကာ ဇာတ်ကားရိုက်မည်ဟု စီစဉ်ထားခဲ့သော်လည်း Covid – 19 pandemic ကြောင့် March လတွင် မင်းသားသာမက ရုပ်ရှင်ရိုက်ကူးရေးတစ်ဖွဲ့လုံးပါ ကိုရီးယားသို့ ပြန်လာခဲ့ရပါသည်။

Bogota ဇာတ်ကားဟာ Colombia သို့ပြောင်းရွေ့နေထိုင်ခဲ့သော တောင်ကိုရီးယားလူငယ်တစ်ဦး​၏ ဘဝဇာတ်ကြောင်းပင်ဖြစ်ပါတယ်။ မှုခင်းရုပ်ရှင်မျိုး ဖြစ်၍ စိတ်လှုပ်ရှားဖွယ် အက်ရှင်နှင့် ဇာတ်ကွက်များ ပါဝင်မည်ဟု သိရသည်။ထို့ကြောင့် ဇာတ်လမ်း​၏ ၉၀% သည် Colombia တွင်သာ ရိုက်ကူးရမှာပင်ဖြစ်ပါသည်။ Bogota ရုပ်ရှင်သည် Song Jong Ki ရိုက်ကူးထားသော lighting ship ဆိုသည့် ရုပ်ရှင်အပီး ချက်ချင်းရိုက်ကူးနေသော ဇာတ်လမ်းပင်ဖြစ်ပါတယ်။

မေလ၁၁ရက်နေ့တွင်တော့ အဆိုပါ Bogota ဆိုသော ရုပ်ရှင်မှာ ဆက်လက်မရိုက်ကူး နိုင်တော့ဟူသော သတင်းများထွက်လာခဲ့ပါသည်။ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ကတော့ ထိုသတင်းမှာ အမှားဖြစ်ကြောင်း သူတို့ဘက်မှ မည်သည်မျှတရားဝင် မထုတ်ပြန်ရသေးကြောင်း ဆိုသည်။ ဆက်လက်ပီး ထုတ်လုပ်ရေးမှ အကယ်၍ Covid ကြောင့် ဇွန်လတွင် Colombia တွင်ရိုက်ကူးရေး မပြုလုပ်နိုင်ပါက အဆိုပါရုပ်ရှင်သည် ၂၀၂ဝအတွင်း မထွက်ရှိနိုင်တော့ဟု ထပ်မံပြောဆိုထားသည်။ သိုပင်မဲ့ ရိုက်ကူရေးအားလုံး ဖျက်သိမ်းသွားပီ ဆိုသည့် သတင်းကတော့ သတင်းအမှားပဲ ဖြစ်ပါတယ်လို့ ကြေငြာထားပါသည်။

Bogota ရုပ်ရှင်ဟာ Song Jong Ki အား သတိရနေသည့် ပရိတ်သတ်ကြီးအတွက် အလွမ်းပြေစေမည့် ရုပ်ရှင်တစ်ခုပင် ဖြစ်ပါတယ်။ ယခုဆိုလျှင် Covid-19 ကိုလည်း နိုင်ငံအတော်များများတွင် ထိန်းချုပ်နိုင်လာပီ ဖြစ်သဖြင့် များမကြာမီတွင် Bogota ရုပ်ရှင် ရိုက်ကူးရေးအပိုင်းနှင့် ပက်သက်၍ သတင်းကောင်းကြားရလိမ့်မည်ဟု မျှော်လင့်မိပါတယ်။

Source: Soompi

Share