ကိုရီးယားရုပ်ရှင်သမိုင်းမှာ ဘတ်ဂျတ်အကုန်ကျအများဆုံး ဇာတ်လမ်းတွဲဖြစ်လာမယ့် Sweet Home

နာမည်ကျော် webtoon ကိုအသက်သွင်းရိုက်ကူးမယ်​့ Sweet Home ဆိုတဲ့ရုပ်သံစီးရီးကို အရင်ကဘတ်ဂျတ်အသုံးဆုံးဆိုတဲ့ စီးရီးတွေထက်ကိုပိုပြီး တစ်ပိုင်းကို US $2.4 million အကုန်ကျခံကာ ရိုက်ကူးမယ်လို့ သိရပါတယ်။

ဇာတ်လမ်းကျောရိုးဟာ သဘာဝလွန်ဖြစ်ပြီး မကောင်းဆိုးဝါးတွေ ရင်ဆိုင်တိုက်ခိုက်ကြမယ့် ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးရမှာဖြစ်လို့ ဒီလောက်ဘတ်ဂျတ်သုံးမှ ကြည့်ရတဲ့လူတွေအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်မှာလို့ သိရပါတယ်။ စီးရီးကိုတော့ Netfix မှာ ထုတ်လွှင့်မှာပါ။

Webtoon အနေနဲ့အောင်မြင်ပြီးသား ဇာတ်လမ်းဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ Love Alarm စီးရီးနဲ့ အောင်မြင်မှုရရှိထားတဲ့ Song Kang နဲ့ Hotel Del Luna စီးရီးနဲ့ ပရိတ်သတ်အခိုင်အမာရှိပြီးသား Lee Do Hyun တို့ပါဝင်သွားမှာပါ။

ကေဒရမ်မာတွေထဲမှာ ကုန်ကျမှုအမြင့်ဆုံးအနေနဲ့ Kingdom ကတစ်ပိုင်းကို $1.6 သန်းနဲ့ပထမနေရာ Arthdal Cronicles ဇာတ်လမ်းတွဲက တစ်ပိုင်းကို $2 သန်း နဲ့ပထမနေရာမှာ အသီးသီးရပ်တည်နေပြီး အခု Sweet Home ကတော့ တစ်ပိုင်းကိ​ု $2.4 သန်း အကုန်ကျခံမှာမို့ စံချိန်သစ်ဖြစ်ပါတယ်။

ကြည့်ရှုနှုန်းအမြင့်ဆုံးဆိုတဲ့ စီးရီးတွေထက် ဘတ်ဂျတ်ပိုသုံးရိုက်ကူးမှာဖြစ်ပြီး ပါဝင်မယ့်သရုပ်ဆောင်တွေကလဲ အရမ်းတော်တာမို့ ပရိတ်သတ်တွေလဲ ဒီဇာတ်လမ်းကိုကြည့်ရဖို့ ရင်ခုန်နေပြီလို့ထင်ပါတယ်။

source: koreaboo

Share