လတ်တလော တောင်ကိုရီးယားမှာ လူကြည့်အများဆုံးအဖြစ် မှတ်တမ်းတင်နေတဲ့ The World of the Married ရုပ်သံစီးရီးရဲ့ အောင်မြင်ရခြင်းအကြောင်းကတော့ သရုပ်ဆောင်တစ်ဦးချင်းက ဇာတ်လမ်းမှာစိတ်နှစ်ပြီး အကောင်းဆုံးပီပြင်အောင် ကြိုးစားသရုပ်ဆောင်ကြတာကြောင့်ပါ။
Doctor Ji ဆိုသည့် character(ဇာတ်ကောင်) နေရာတွင် သရုပ်ဆောင်ထားသော မင်းသား Lee Moo Saeng ၏ အပိုင်း ၁၄ တွင် သရုပ်ဆောင်ချက်များကြောင့် Baeksang Arts 2020 ဆုရသင့်နေပီဟု ပရိတ်သတ်များက ဆိုနေကြသည်။
အကြောင်းမှာ The world of married ဇာတ်လမ်းတွဲ၏ အပိုင်း၁၄တွင် မိမိကိုယ်ကို ပင်လယ်ထဲသို့ဆင်းကာ သေကြောင်းကြံစည်ခဲ့သော မင်းသမီးကို ကြိုးစားစွာ ကယ်တင်ခဲ့သော မင်းသား၏ သဘာဝဆန်သည့် သရုပဆောင်ချက်များကြောင့်ဖြစ်သည်။ တောင်ကိုရီးယားရှိ Yang Yang Surfing school ဟာအဆိုပါ ရေနစ်သည့် sence(ဇာတ်ဝင်ခန်း) ၏ နောက်ကွယ်မှ ရိုက်ကူးရေးပုံရိပ်များကို ပြသခဲ့ပါသည်။
မင်းသားနှင့် မင်းသမီးဟာ ရေနစ်ရန် အန္တရယ်ရှိခဲ့သည်ဟုလည်း ပြောခဲ့ပါသည်။ ဇာတ်ဝင်ခန်းအရ မင်းသားဟာ ရေထဲဆင်း၍ မင်းသမီးကို ကယ်တင်စဉ် သူတို့နှစ်ဦးစလုံးဟာ လှိုင်း၏ဆွဲအားကြောင့် ကမ်းခြေနှင့်ဝေးရာကို ရောက်ရှိသွားခဲ့ပါသည်။ ထို့ကြောင့် ကယ်ဆယ်ရေးအသင်းမှ အလျင်အမြန် ရေထဲဆင်းကာ သူတို့နှစ်ဦးအား သွားရောက်ခေါ်ဆောင် ခဲ့ရပါသည်။
ကယ်ဆယ်ရေးအဖွဲ့၏ ချက်ချင်းတုံပြန်မှုကြောင့် မင်းသားနှင် မင်းသမီးလည်း ဘေးကင်းခဲ့ရပါသည်။ အဆိုပါ ဇာတ်ဝင်ခန်းသည် အပိုင်း ၁၄ တစ်ခုလုံး၏ ဇာတ်ရှိန် အမြင့်ဆုံး အခန်းလည်းဖြစ်သည့်အပြင် သရုပ်ဆောင်များအတွက် အခက်ခဲဆုံး ဇာတ်ဝင်ခန်းလည်း ဖြစ်မှာပါ။ သိုေ့သာ် Kim Hae Ae နှင့် Lee Moo Saeng တို့သည် အသက်အန္တရယ်ကြားမှ သဘာဝကျပီပြင်စွာ သရုပ်ဆောင် နိုင်ခဲ့ပါသည်။
မင်းသားနဲ့မင်းသမီးရဲ့ ကြိုးစားအားထုတ်မှုကတော့ တကယ်ကိုအံ့ဩလောက်စရာပါပဲ။ ပရိတ်သတ်ကြီးလဲ ဇာတ်ဝင်ခန်းရဲ့နောက်ကွယ်က အဖြစ်အပျက်ကိုသိပြီးရင် ဒေါက်တာဂျီကိုပိုချစ်လာကြမယ် ထင်ပါတယ်နော်။ သောင်ပြင်နားမှာရိုက်ကူးရေးလုပ်နေပေမယ့် တဖြည်းဖြည်းမျောသွားပြီး ရေနစ်မလိုဖြစ်သွားတဲ့ မင်းသားနဲ့မင်းသမီးကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက အချိန်မှီကယ်တင်ခဲ့လို့သာ အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ရတာကို ဗီဒီယိုဖိုင်မှာကြည့်နိုင်ပါတယ်။ ပရိတ်သတ်ကြီးလည်း The world of the married ဇာတ်လမ်းတွဲ၏ အပိုင်း ၁၄ အားကြည့်ရှုပီးလျှင်လည်း တခုခုဝေဖန် ပေးခဲ့ပါဦးနော်။
Source: Koreaboo