Jungkook တွေးကြည့်မိတဲ့ BTS သာအောင်မြင်မှုလျော့ကျသွားရင် ဖြတ်သန်းရမယ့်သူ့ဘဝအကြောင်း

လက်ရှိမှာ BTS အဖွဲ့ဟာ ကမ္ဘာတစ်လွှားမှာ လျှမ်းလျှမ်းတောက်အောင်မြင်တဲ့ kpop အဖွဲ့တစ်ခုအနေနဲ့ ရပ်တည်နေတာ လူတိုင်းအသိပါ။ အနောက်တိုင်းအနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး ကမ္ဘာ့ဂီတလောကအထိ ထိုးဖောက်နေတဲ့ သူတို့ရဲ့ရေပန်းစားမှုက တကယ်ကို ကြောက်ခမန်းလိလိပါ။

ဒါပေမယ့် kpop လောကဆိုတာ ဒီလိုပဲလည်ပတ်နေတာမို့ Break the Silence ရုပ်သံအစီအစဉ်မှာ Jungkook ဟာ BTS ရဲ့အောင်မြင်တဲ့သီချင်းတွေကို နားထောင်ရင်း နောင်တစ်ချိန်မှာ BTS သာအောင်မြင်မှုလျော့ကျသွားရင် သူ့ဘဝကဘယ်လိုဖြစ်နေမလဲဆိုတာ အနာဂတ်ကိုကြိုပြီးတွေးကြည့်မိတဲ့အကြောင်း အခုလိုပဲပြောပြလာပါတယ်။

“တစ်ချိန်မှာ ကျွန်တော်သာအခုလိုမအောင်မြင်တော့ပဲ ဦးလေးကြီးအရွယ်ဖြစ်သွားရင် ကျွန်တော့်အနားမှာ ဘယ်သူတွေရှိဦးမလဲ တကယ်သိချင်မိတယ် အဲ့ခါကျရင် ARMY တွေနဲ့စကားပြောကြည့်ပြီး ကျွန်တော်တို့အရင်က ဘယ်လိုနေလဲ တကယ်တော်ခဲ့တယ်မလားလို့ မေးကြည့်ချင်တယ်” လို့ တွေးဆဆလေးပြောခဲ့တာဖြစ်ပါတယ်။

ဒါကိုမြင်လိုက်ရတဲ့ ပရိတ်သတ်တွေအနေနဲ့ကတော့ Jungkook လေးဒီလိုတွေးနေတာကို ရင်နာမဆုံးဖြစ်နေပြီး သူတို့ဟာ BTS အဖွဲ့ဝင်တွေ အဖိုးကြီးဖြစ်သွားတဲ့အထိ အနားမှာရှိနေကြဦးမှာလို့ အပြိုင်အဆိုင် ပြောနေကြတာလဲ တွေ့ရပါတယ်။

BTS နဲ့သူတို့ရဲ့ပရိတ်သတ်တွေကြားက စည်းလုံးမှုကတော့ တကယ်ကို ကြည်နူးစရာပါပဲနော်။ ပရိတ်သတ်တွေလဲ Jungkook တစ်ယောက် အဖိုးကြီးဖြစ်သွားတဲ့အထိ အားပေးနေဦးမယ်ဆိုရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ပါဦး။

source : koreaboo

Share