Itaewon Class ဇာတ်လမ်းတွဲဖြင့် နာမည်ကြီးခဲသော မင်းသမီး Kim Da Mi ၏ အောင်မြင်ခဲ့သော ရုပ်ရှင်များ

တောင်ကိုရီးယား မင်းသမီး Kim Da Mi ဟာဆိုရင် JTBC မှထုတ်လွှင့်သည် Itaewon Class ဇာတ်လမ်းတွဲတွင် မင်းသား Park Seo Joon နှင့် တွဲဖက်ညီစွာ သရုပ်ဆောင်နိုင်ခဲ့သဖြင့် ပရိတ်သတ်များ၏ အားပေးမှုကို ရရှိခဲ့ပါသည်။ Itaewon Class သည် Kim Da Mi ၏သရုပ်ဆောင်သက်တမ်းတွင် ပထမဆုံး အရေးကြီးသည့်ဇာတ်ကောင် နေရာမှပါဝင်ခွင့် ရခဲ့သော ဇာတ်ကားတစ်ခုပင် ဖြစ်ပါသည်။

Itaewon Class ဇာတ်လမ်းတွဲဟာ လူငယ်များ၏ ဆုံးဖြတ်ချက်ခိုင်မာမှု ၊ ရဲရင့်မှု ၊ တက်ကြွမှု ၊ ဇွဲ့ရှိမှုတို့ကို ဇာတ်အိမ်ကောင်းကောင်းဖြင့် ဖွဲ့စည်းထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ လူပတ်ဝန်းကျင်တွင်ကြုံတွေ့နေရ သော ဂုဏ်ပကာသန၊ တရားမျှတမှု၊ လူမျိုးရေး၊ အမျိုးသားရေး စသည့်တို့ကိုလည်း ထည့်သွင်းရိုက်ကူး နိုင်ခဲ့သော ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ခဲ့ပါသည်။

Kim Da Mi သည် Itaewon Class မရိုက်ကူးခင်ကလည်း အခြားရုပ်ရှင်များကိုလည်း ရိုက်ကူးထားသေးသည်။ သူမသည် ၂၀၁၇ ခုနှစ်တုန်းက Marionette ဆိုသည့် ရုပ်ရှင် ရိုက်ကူးခဲ့ပါည်။ ဇာတ်လမ်းမှာ အထက်တန်းကျောင်းသူလေးတစ်ဦးကို ကျောင်းသားအုပ်စုမှ မုဒိန်းကျင့်ထားသည့် video သည် အင်တာနက်တွင် ပျံ့နှံ့သွားခဲ့ပါသည်။

ထို video ကို ရိုက်ကူးသူမှာ သူမ၏ချစ်သူ ဖြစ်နေကြောင်းကို သူမသိလိုက်ရသောအခါတွင် ထိုအရှုပ်ထုတ်အားဖြေရှင်းရန် ကြိုးစားခဲ့ပါသည်။ရုပ်ရှင်ကားတစ်ကားလုံးကိုလည်း သည်းထိပ်ရင်ဖိုစွာဖြင့် ပရိတ်သတ်များ ကြည့်ရှုခဲ့ရပါသည်။ အဆိုပါရုပ်ရှင်သည်လည်း Kim Da Mi ၏ သရုပ်ဆောင်ပီပြင်မှုကြောင့် ရလဒ်ကောင်းများ ရခဲ့ပါသည်။

၂၀၁၈ တွင်တော့ Kim Da Mi ဟာ The witch:Part 1 တွင် ပါဝင်ခဲ့ပါသည်။ အဆိုပါရုပ်ရှင်တွင် Ja Yoon ဆိုသည့် မိန်းကလေးတစ်ဦးဟာ အဖွဲ့အစည်းတစ်ခု၏ ထိမ်းချုပ်မှုကိုခံခဲ့ရပီး သာမန်ဘဝကနေ လူအများမထင်ထားသော ပြောင်လဲမှုမျိုးနှင့် ကြုံတွေခဲ့ရပါသည်။ ထိုရုပ်ရှင်ဖြင့်လည်း Kim Da Mi မှာ ဆုပေါင်းများစွာ ရရှိခဲ့ပါသည်။ အချုပ်အားဖြင့်ဆိုရလျှင် Kim Da Mi သည် အသက်အရွယ်ငယ်ရွယ်သေးသော်လည်း သူမ၏ အနုပညာ ပါရမီမှာ သူများနှင့် မတူအောင်ထူးချွန်လှပါသည်။ Kim Da Mi ၏နောက်ထပ်ထွက်ရှိလာမည့် ဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များကိုလည်း ပရိတ်သတ်များက မျှော်လင့်နေကြသည်။

Source: Annyeongoppa

Share