Along With The Gods 3&4 မှာလဲ ပါဝင်သွားဖို့ရှိတဲ့ Do Kyung Soo

လက်ရှိမှာစစ်မှုထမ်းတာဝန်ထမ်းဆောင်နေတဲ့ EXO အဖွဲ့ဝင် သရုပ်ဆောင် Do Kyung Soo ဟာ သူပါဝင်သရုပ်ဆောင်ထားတဲ့ Along With The Gods ရုပ်ရှင်ရဲ့ လာမယ့် season တွေမှာလဲ ပါဝင်သရုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

လူတွေရဲ့သေဆုံးပြီးနောက်ပိုင်း ကောင်းကင်ဘုံကိုဝင်ခွင့်ရဖို့ စစ်ဆေးမှုတွေခံယူရပုံကို ရိုက်ကူးထားတဲ့ Along With The Gods ဟာ သူပါဝင်ထားတဲ့ ရုပ်ရှင်တွေထဲက အအောင်မြင်ဆုံးထဲမှာပါဝင်ပြီး ဝင်ငွေလဲအရမ်းကောင်းခဲ့တာပါ။ Do Kyung Soo ရဲ့ ပြောင်မြောက်တဲ့သရုပ်ဆောင်မှုကလဲ အထူးချီးကျုးခံခဲ့ရတာ ဖြစ်ပါတယ်။

မင်းသားဟာ လက်ရှိမှာ စစ်တပ်ထဲမှာရှိနေဆဲမို့လို့ ၂၀၂၁ ခုနှစ်မှာ ဇာတ်ဝင်ခန်းတွေကို စတင်ရိုက်ကူးမှာဖြစ်ပြီး စစ်မှုထမ်းတာဝန်ပြီးဆုံးတာနဲ့ ပထမဆုံးအနုပညာလှုပ်ရှားမှုအနေနဲ့ ဒီရုပ်ရှင်စတင်ရိုက်ကူးမယ်လို့သိရပါတယ်။

ရင်သပ်ရှုမောဖွယ်ဇာတ်ဝင်ခန်းတွေနဲ့ Along With The Gods ရဲ့ season အသစ်ကိုရော Do Kyung Soo ကိုရော မျှော်နေကြတဲ့ ပရိတ်သတ်တွေရှိရင်လဲ မှတ်ချက်လေးတွေပေးခဲ့ပါဦးနော်။

Source: Allkpop

Share