Park Shin Hye နှင့် Yoo Ah In တို့၏ ရုပ်ရှင်အသစ်အတွက် ပိုစတာများထွက်ရှိလာ

Park Shin Hye ဆိုသည်မှာ တောင်ကိုရီးယားနိုင်ငံ၏ အောင်မြင်သော မင်းသမီးတစ်လတ်ဖြစ်ပါသည်။ ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကထဲသို့ ဝင်ရောက်လာပီး သူ၏သရုပ်ဆောင်ကောင်းမှုကြောင့် အမာခံ ပရိတ်သတ်များစွာ ရရှိထားသူလည်း ဖြစ်ပါသည်။ အလားတူပင် Yoo Ah In သည်လည်း သူ၏ sexy ကျသော ရုပ်ရည်သွင်ပြင်နှင့် ပြောင်မြောက်သော သရုပ်ဆောင်ချက်များကြောင့် ပရိသတ်ချစ်ခင်ရသော မင်းသားတစ်ဦးပင် ဖြစ်ပ၊တယ်။

မေလ ၁၁ ရက်နေ့တွင်တော့ Park Shin Hye နှင့် Yoo Ah In တို့ဟာ သူတို့၏ instragram တွင် သူတို့နှစ်ယောက် ရိုက်ကူးထားသည့် Alone ဇာတ်ကား၏ ပိုစတာကို ပရိတ်အား ချပြခဲ့ပါသည်။သူတို့နှစ်ဦးဟာ ၂၀၁၉ ဇူလိုင်လတွင် အဆိုပါရုပ်ရှင်အားလက်ခံရိုက်ကူးထားပီး ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ထုတ်လွှင့်နိုင်မည်ဟု ခန့်မှန်းထားကြပါသည်။

Alone ဆိုသည့်ရုပ်ရှင်သည် triller ရုပ်ရှင်အမျိုးအစားဖြစ်၍ စိတ်ခြောက်ခြားစရာ ဇာတ်ဝင်ခန်းများလည်း ပါရှိသည်ဟု သိရပါသည်။ မြိုတစ်မြို့တွင် အမည်မသိ ရောဂါပိုးကပ်တစ်ခုဆိုက်၍ တစ်မြို့လုံးကူးစက်ကာ သေကြေပျက်စီး သွားခဲ့သည်။ Yoo Ah In ကတော့ gamer တယောက်ဇာတ်ရုပ်အဖြစ် ပါဝင်ပီး အဆိုပါကပ်ရောဂါဘေးမှ ရှင်သန်အောင် ကြိုးစားရသည့် ပုံစံမျိုးပဲ ဖြစ်ပါတယ်။

တဖက်တွင်လည်း နောက်ထပ် အသက်ရှင်ကျန်ရစ်သူ Park Shin Hye သည်လည်း သူမကိုယ်ကိုအားကိုးကာ အခက်များကြားမှ အသက်ရှင်အောင် ကြိုးစားရမည့် ဇာတ်ရုပ်အဖြစ် ပါဝင်ထားပါသည်။သူတို့နှစ်ဦး၏ သရုပ်ဆောင်စွမ်းရည်မှာ ပြောစရာမလိုသည့်အတွက် ပရိတ်သတ်အများစုက အဆိုပါရုပ်ရှင်ကို မထွက်ခင်ကပင် အားပေးချင်နေကြပီ ဖြစ်ပါတယ်။

Source: Annyeongoppa

Share