မင်းသမီး Kim Soo Hyun ပါဝင်သည့် Love alarm season 2 စတင်ရိုက်ကူးနေ

၂၀၁၉၊ အောက်တိုဘာ ၂၉ တွင် မင်းသမီး Kim Soo Hyun၊ မင်းသား Hwang Sun Oh တို့ဟာ Love alarm season 2 ရိုက်ကူးမည်ဖြစ်ကြောင်း သူတို့၏ Instagram မှတဆင့် ပရိတ်သတ်များအား အသိပေးခဲ့ကြပါသည်။

Love Alarm season 1 မှ ဇာတ်ကောင်အတိုင်း Kim Soo Hyunသည် Jo Jo အဖြစ်ပါဝင်မည်ဖြစ်ပီး Hwang Sun Oh သည်တော့ Song Kang နေရာမှ ပါဝင်သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။ Love alarm ဆိုတာ dating app တစ်ခုဖြစ်ပီး မိမိအားနှစ်သက်သူ အနီးအနားတွင်ရျိနေလျှင် alarmမြည်သည့် သဘောပဲ ဖြစ်ပါတယ်။ Love alarm ဟာ လိမ်လို့လည်းမရပါဘူး။

အဘယ်ကြောင့်ဆိုသော် အဆိုပါ app သည် အသုံးပြုသူ၏ နှလုံးသားနှင် တိုက်ရိုက်ဆက်သွယ်ထားသောကြောင့်ပင် ဖြစ်ပါသည်။ Love alarm season 1 ဟာ အပိုင်း၈ တွင် မပြတ်မသားပီးဆုံးသွားခဲ့ပီး ပရိသတ်များကို season 2 ကြည့်ချင်အောင် လုပ်ခဲ့ပါသည်။

Love alarm season 2 ၏ script reading ကို ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပီး ယခုရက်ပိုင်းအတွင်းတွင် ရိုက်ကူးရေးစတင်နေတာပဲ ဖြစ်ပါတယ်။ Jo Jo နှင့် Song Kang တို့၏ ဇာတ်ဝင်ခန်းအချို့ ရိုက်ကူးနေသည်ကို ပရိတ်သတ်များက တွေ့ရှိခဲ့ပါသည်။

အချုပ်ပြောရလျှင် Love alarm season 2 သည် ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ထုတ်လွှင့်နိုင်မည်ဟု ယူဆရပါသည်။ Season 1 တွင်လည်း အောင်မြင်မှုများရရှိခဲ့သော Love alarm သည် Season 2 တွင်လည်း ထပ်မံအောင်မြင်ဦးမည်ဟု ပရိတ်သတ်များက ထင်ကြေးပေးနေကြသည်။ ပရိတ်သတ်ကြီးလည်း Love alarm ကြည့်ပီးလျှင် မိမိ၏ ထင်မြင်ချက်ကို ပြောခဲ့ပါဦးနော်။

Source: Anneyongoppa.com

Share