ဒီနှစ်လဲ Baeksang Arts Awards မှာ Shin Dongyeob နဲ့အတူ အစီအစဉ်တင်ဆက်ဦးမယ်​့ Suzy နဲ့ Park Bogum

ဇွန်လ ၅ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ကိုရီးယားရဲ့ အကြီးကျယ်ဆုံးရုပ်ရှင်ဆုပေးပွဲမှာ မင်းသား Park Bogum နဲ့ မင်းသမီး Suzy အပြင် အစီအစဉ်တင်ဆက်သူ Shin Dongyeob တို့က အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။

Shin Dongyeob အနေနဲ့ ဒီဆုပေးပွဲမှာ အစီအစဉ်တင်ဆက်လာတာ ခြောက်ကြိမ်မြောက်ရှိပြီဖြစ်ပြီး Suzy ကတော့ ငါးနှစ်မြောက်ဆက်တိုက်ရှိပြီဖြစ်ကာ Park Bogum ကတော့ ၂၀၁၈ တည်းက ပါဝင်တင်ဆက်ခဲ့တာမို့ သုံးနှစ်မြောက်ရှိပြီလို့ သိရပါတယ်။

ဆုပေးပွဲမှာပါဝင်မယ့် ဆုတွေနဲ့ ဇကာတင်စာရင်းတွေလဲ ထွက်ရှိလာပြီဖြစ်ပြီး ကိုရီးယားပြည်သူတွေကြားမှာ စိတ်ဝင်စားမှု မြင့်မားနေတဲ့ပွဲဖြစ်တာကြောင့် မဖျက်သိမ်းပဲကျင်းပလိုက်ရပေမယ့် Covid-19 ကြောင့် ပရိတ်သတ်တွေကတော့ တက်ရောက်ခွင့်မရပဲ အနုပညာရှင်တွေချည်းသီးသန့်ကျင်းပသွားမှာ ဖြစ်ပါတယ်။

စကာတင်စာရင်းဝင်သူတွေထဲမှာ အမျိုးသမီးသရုပ်ဆောင်ဆုအတွက် “The World of Married” မင်းသမီးကြီး Kim Hee Ae နဲ့ အမျိုးသားသရုပ်ဆောင်ဆုအတွက် “Crash Landing on You” မင်းသား Hyun Bin တို့က အများဆုံးထင်ကြေးပေးခံထားရပေမယ့် ဘယ်သူရမလဲဆိုတာတော့ ပွဲကျင်းပမှသာ သိရမှာပါ။

ကေဒရမ်မာပရိတ်သတ်တွေအနေနဲ့ရော အစီအစဉ်တင်ဆက်သူတွေကလဲ ထိပ်တန်းမင်းသားမင်းသမီးတွေဖြစ်ပြီး ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံးသရုပ်ဆောင်တွေကို ရွေးထုတ်ပေးမယ့် ပွဲကြီးအတွက် ရင်ခုန်နေကြပြီလား။

source: soompi

Share