EXO အဖွဲ့ဝင် Xiumin နဲ့ D.O. တို့ကို တောင်ကိုးရီးယားစစ်တပ်အထိမ်းအမှတ်သီချင်း ဖြစ်တဲ့ “The Promise of the Day” အတွက်ရွေးချယ်ခံရ

တောင်ကိုးရီးယားရဲ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်မှာ စစ်တပ်က ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်လုပ်မယ့် “The Promise of the Day” မှာသီဆိုဖို့အတွက် EXO အဖွဲ့ဝင် Xiumin နဲ့ D.O. တို့ကရွေးချယ်ခံခဲ့ရပါတယ်။

ဒီ “The Promising of the Day” ဟာ စစ်ပွဲအတွင်းမှာ သေဆုံးခဲ့တဲ့ စစ်သားတွေကို စစ်ဗိုလ်တစ်ဉီးက ပြန်လည်ခေါ်ဆောင်ဖို့ ကတိပြုခဲ့တဲ့ဇာတ်ကြောင်းကို ဖော်ကြူးထားတာ ဖြစ်ပါတယ်။ ကိုရီးယားစစ်တပ်ဟာ စစ်ပွဲအတွင်းမှာ ကျဆုံးခဲ့တဲ့စစ်သားများရဲ့ ခန္ဓာကိုယ်များ နှင့် ပစ္စည်းများကို ပြန်လည်ရှာဖွေပြီး သက်ဆိုင်ရာမိသားစုဝင်များထံ ပြန်လည်ပေးအပ်တဲ့အကြောင်းကို ဂုဏ်ပြုထားတာဖြစ်ပါတယ်။

ဒီပွဲမှာတော့ EXO အဖွဲ့ဝင် Xiumin နဲ့ D.O. တို့အပြင် နောက်ပိုင်းတွေမှာဆိုရင် ယွန်းဂျီဆောင်း၊ F.T. Island မှ Hongki၊INFINITE မှ Sungyeol တို့အပြင် အခြားအနုပညာရှင်ပေါင်းများစွာ ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကြီးကို ဇွန်လ ၄ ရက်နေ့ကနေ ဇူလိုင်လ ၁၂ ရက်နေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: allkpop

Share