Covid – 19 ကြောင့် ထိခိုက်ခဲ့သူများအတွက် လှူဒါန်းမှုများ အဆက်မပြတ်ပြုလုပ်နေသည့် IU

IU ဟုဆိုသည်မှာ သူမ၏ အပြစ်ကင်းသော ရုပ်ရည်နှင် ချိုသာသောသံတို့ကြောင့် လူအများ၏ ချစ်ခင်မှုကို ရရှိထားသော အဆိုတော်တစ်ဦး ဖြစ်ပါသည်။ သူမသည် ယခုတွင်တော့ အဆိုပိုင်းတွင်သာမက သရုပ်ဆောင်ပိုင်းတွင်ပါ ထူးချွန်လာသော ဘက်စုံတော်သည့် အနုပညာရှင်တစ်ဦးဖြစ်သည်။

သူမကို တောင်ကိုရီးယားတစ်နိုင်ငံလုံးကတော့ Nation’s sister ( တစ်နိုင်ငံလုံး၏ ညမလေး) လို့တင်စားခေါ်ဝေါ်ကြသည်။ အကြောင်းမှာ IU သည် အနုပညာ သက်တမ်းတလျှောက်တွင် နာမည်ပျက်မရှိသည့်အပြင် လူမှုရေးနယ်ပယ်တွင်လည်း လူအမများ ချစ်ခင်လေးစားခံထား ရသောကြောင့်ပင် ဖြစ်ပါတယ်။

ယခုဆိုလျှင်လည်း IU သည် Covid -19 နှင့်ပက်သက်၍ လှုဒါန်းမှုများကို မပြတ်ပြုလုပ်နေပါသည်။ မေလ၁၄ရက်နေ့တွင် Gwacheon မြို့ရှိ Covid-19 ကြောင့် ဝင်ငွေနည်းပါးနေသော မိသားစုများအတွက် ကိုရီးယားဝမ်၁ဝသန်း ($8150) ကို လှုဒါန်းခဲ့ပါသည်။

ဒါဟာ IU ပထမဆုံးလှူတဲ့ အလှူတော့မဟုတ်ပါဘူး ။ သူမဟာ မကြားသေးမီကပင် Covid – 19 နှင့်ပက်သက်၍ ကိုရီးယားဝမ်သန်း ၃၀ ($24450) ကိုလည်း လှူဒါန်းခဲ့ပါသေးသည်။ ထို့အပြင် မေလ ၆ ရက်နေ့တွင်လည်း Green Umbrella Children အဖွဲ့အတွက်လည်း ဝမ်၁ဝသန်း လှုဒါန်းခဲ့ပါသေးသည်။

ဤသို့ဆိုရလျှင် IU သည် မေလတစ်လတည်းအတွင်ပင် လှူဒါန်းမှု သုံးခုပြုလုပ်ပီးသွားပီပဲ ဖြစ်ပါတယ်။ ပရိတ်သတ်များကတော့ IU ၏ လှုဒါန်းရက်ရောမှုကို ချီးကျူးနေကြပါသည်။ IU သည် အနုပညာနယ်ပယ်တွင် အောင်မြင်မှု ရရှိရုံသာမက လူမှုရေးနယ်ပယ်တွင်ပါ လူအများ အားကျလေးစာမှုကို လက်ခံရရှိထားပါသည်။

မကြာသေးမီကထွက်ရှိခဲ့သော IUနှင့် BTS အဖွဲ့ဝင် Suga တို့၏သီချင်းအသစ် “eight”မှာလည်း music chartတိုင်းတွင် ပထမရရှိထားပါသည်။ လှုမှုရေးစိတ်ဓာတ်အပြည့်ရှိသော IU အတွက် နောက်ထပ်အောင်မြင်မှုများ ဆက်လက်တိုးပွားနိုင်ပါစေဟု Myanmar Cele Bar page မှ ဆုတောင်းပေးလိုက်ပါတယ်နော်။


Source: Soompi

Share