ဖေဖေဂျူမုံတင်လိုက်တဲ့ ဆံပင်ကောက်လေးတွေနဲ့ Song အမြွာလေး သုံးယောက်ရဲ့ ချစ်စရာပုံရိပ်လေးများ

ဂျူမုံလို့ မြန်မာပရိတ်သတ်တွေကြားမှာ နာမည်ကြီးတဲ့ မင်းသားချော ဆောင်အီဂွတ်ကတော့ ချစ်စရာကောင်းလွန်းတဲ့ ဒယ်ဟန် မင်ဂု မန်ဆယ်လို့ခေါ်တဲ့ အမြွာသားချောလေးသုံးယောက်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

“Return of Superman” လို့ခေါ်တဲ့ တီဗီအစီအစဉ်မှာ ဖခင်ဖြစ်သူနဲ့အတူပါဝင်ရင်း သူတို့ရဲ့ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေနဲ့ ပရိတ်သတ်တွေရဲ့အချစ်ကို သိမ်းပိုက်ခဲ့တဲ့ အမြွာလေးသုံးယောက်ဟာ အခုချိန်မှာ အသက်ရှစ်နှစ်အရွယ် ရှိနေကြပြီဖြစ်ပြီး ချောမောခန့်ညားတဲ့အသွင်နဲ့ အရွယ်ရောက်လာကြပါပြီ။

ဒီနေ့မနက်မှာတော့ သူတို့ရဲ့ဖေဖေ Song Ilkook တင်လိုက်တဲ့ပုံလေးတွေကို ပရိတ်သတ်တွေက ချစ်မဝဖြစ်နေကြတာပါ။ Covid-19 ကြောင့် ဆံပင်ညှပ်ဆိုင်မသွားရလို့ ရှည်နေပြီဖြစ်တဲ့ ဆံပင်လေးတွေကိ​ု အိမ်မှာပဲကောက်ထားကြပြီး ဆံပင်ကောက်လေးတွေနဲ့ ရယ်လဲရယ်ရ ချစ်ဖို့လဲကောင်းပါတယ်။

ပရိတ်သတ်အချို့ကတော့ အမြွာလေးတွေကချောလွန်းလို့ ဆံပင်ကောက်လိုက်တဲ့အခါ F4 ဇာတ်လမ်းတွဲထဲက မင်းသား Lee Min Ho နဲ့တောင် တူပါတယ်လို့ မှတ်ချက်တွေပေးနေကြတာဖြစ်ပြီး တချို့ကတော့အမြွာလေးတွေက ပိုတောင်ချောပါသေးတယ်။

အရင်ကလို ဝတုတ်တုတ်လေးတွေမဟုတ်တော့ပဲ ကိုယ်ရည်စစ်ပြီး ချောမောလာကြပြီဆိုပေမယ့် သူတို့ကိုအားပေးတဲ့ ပရိတ်သတ်တွေကတော့ အမြွာလေးတွေဘယ်လိုပဲ အရွယ်ရောက်လာလာ အချစ်ပိုနေကြဆဲပါပဲ။

ပရိတ်သတ်တွေလဲ ဆောင်အီဂွတ်နဲ့သားလေးသုံးယောက်ကို ချစ်တယ်ဆိုရင် အားပေးစကားလေးတွေပြောခဲ့ပါဦးနော်။

Source: songilkook instagram

Share