တွဲဖက်မင်းသမီး၏ အိန္ဒြေထိပါးအောင်ပြောဆိုသည်ဟု ဝေဖန်ခံနေရသော မင်းသား Park Si Hoo

Park Si Hoo ဟာသူရဲ့ ပြောလိုက်သည့် စကားကြောင့် မိန်းကလေးတစ်ဦးအား အိန္ဒြေကို စော်ကားသည်ဟု၍ ပရိသတ်များ၏ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံနေရပါသည်။ မေလ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သော မင်းသား၏ ဇာတ်လမ်းတွဲသစ် The wind, cloud and rain ၏ သတင်းစာရှင်းလင်းပွဲတွင် ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါသည်။

အဆိုပါ ဇာတ်လမ်း၏ စာနယ်ဇင်းရှင်းလင်းပွဲတွင် MC မှ ခေါင်ဆောင်မင်းသမီး Go Sung Hee အား ဇာတ်လမ်းတွဲထဲတွင် အကောင်းဆုံးလို့ထင်သည့် ဇာတ်ဝင်ခန်းကို ရွေးချယ်ခိုင်းခဲ့ပါသည်။ ထိုအခါ မင်းသမီးက သူမက ” အဲ့ဒါကတော့ ပြောဖို့ ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားကို spoil လိုက်သလိုဖြစ်သွားမှာ စိုးရိမ်လို့ပါ။ တခြားသူတစ်ယောက်ကို ဖြေခိုင်းရင် ဖြေခိုင်းလိုက်ပါလား” ဟု ပြောခဲ့ပါသည်။

ထိုအချိန်မှာပဲ ခေါင်းဆောင်မင်းသားဖြစ်သူ Park Si Hoo ကဝင်ပီး ” Goo Sung Hee ရဲ့ အသားအရေကို ပြတဲ့အခန်းပါ ပါတယ်။ ထိုဇာတ်ဝင်ခန်းတွေက sexy ကျပီး နှစ်လိုဖွယ် ကောင်းနေမှာပါ။ အာကြောင့် ပရိတ်သတ်များ စောင့်ကြည့်သင့်ပါတယ်လို့။ ကျွန်တော်လည်း ကြည့်ချင်မိပါတယ်”ဟု ဆိုခဲ့ပါသည်။ မင်းသားသည်သဘောရိုးဖြင့် မင်းသမီးလှပမှုကို ချီးကျူးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် အချို့ရိတ်သတ်များက “ဒါဟာ မင်းသမီးကို အရှက်ရစေတယ်။ ၂၁ ရာစုရောက်နေပီ ပရိတ်သတ်ကို ဒါမျိုးတွေနဲ့ပြောပီး ဆွဲဆောင်စရာလား။ မင်းသမီးကို နည်းနည်းလေးမှ မစာနာပါလား “စသည်ဖြင့် ပြောဆိုခဲ့ပါသည်။

ထိုကဲ့သို့ ပရိတ်သတ်များ ဆိုရခြင်းမှာလည်း အကြောင်းအရင်း ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် Park Si Hoo သည် ၂၀၁၃ ခုနှစ်တွင် မှုဒိန်းမှုတစ်ခုတွင် ပါဝင်ခဲ့ဖူးသည့် သတင်းများကြောင့်ဖြစ်သည်။ ထို့ကြောင် ပရိတ်သတ်များက မင်းသားအား စကားအပြောအဆို ဆင်ခြင်သင့်ကြောင်း နောက်ပိုင်းတွင် ပိုမိုဂရုစိုက်သင့်ကြောင်း ပြောဆိုခဲ့ကြပါသည်။ အဆိုပါ ဇာတ်လမ်းတွဲကိုတော့ မေလ ၁၇ ရက်နေ့တွင် ထုတ်လွှင့်မှာပဲ ဖြစ်ပါတယ်။

Source: Koreaboo

Share