တရုတ်အစိုးရကတောင် ရိုက်ကူးခွင်တွေပိတ်ပင်လိုက်တဲ့ထိ ဖြစ်လာတဲ့ Ruyi’s Royal Love in the Palace: 2019 (Movie Review)

အခုဆိုရင် တရုတ်အစိုးရက palace drama တွေကိုရိုက်ခွင့်မပေးတော့ဘူးဆိုပြီး သတင်းထွက်ခဲ့တာက Ruyi’s royal love in the palace ဆိုတဲ့ကားနဲ့ Story of yanxi palace တို့ရဲ့ပြောင်မြှောက်လှတဲ့ အနောက်နန်းဆောင်က မိဖုရားတွေကိုယ်လုပ်တော်တွေရဲ့ အာဏာပြိုင်ဆိုင်မှု ယှဉ်ပြိုင်တိုက်ခိုက်မှုတွေကို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းအကွက်ကျကျ အပြင်အဆင်ကောင်းကောင်းကြောင့်လည်း တစ်စိတ်တပိုင်း ပါဝင်နေပါသည်။

ဒီဇာတ်လမ်းဟာဆိုရင် အားလုံးနဲ့သိပ်မစိမ်းတဲ့ နာမည်ကြီးမင်းသား wallace huo နဲ့ အသံအောအောလေးနဲ့သိုင်းကားအချစ်တော်တွေရဲ့ ဟွမ်ယုံလေး zhou xun တို့နှစ်ယောက်ရဲ့ လျှမ်းလျှမ်းတောက်နာမည်ကြီးနန်းတွင်းဇာတ်လမ်းတွဲလေးပါ..rating 8.1 ရှိခဲ့ပြီးတော့ 24ရက်နဲ့ ကြည့်ရှုသူပေါင်း 5 billionsကျော်ခဲ့တဲ့ကားလေးပါ။

ဒီကားထဲမှာ မင်းသား Wallace huo ရဲ့မိန်းမ မင်းသမီး ruby linတောင် သူ့ယောကျားရဲ့ မင်းကြီးဇာတ်ဆောင်ကိုမုန်းလွန်းလို့ ကြည့်တောင်မကြည့်နိုင်တဲ့အထိဖြစ်သွားပါတယ်တဲ့.. နောက်ပိုင်းမင်းကြီးဘယ်လောက်တောင်စိတ်တိုချင်စရာကောင်းလာမလဲမှမသိတာ.. ကဲအညွုန်းလေးပြောပြပါ့မယ်..

မိဖုရားခေါင်ကြီးတစ်ယောက်ဖြစ်လာဖို့အတွက်ဖြတ်သန်းခဲ့ရတဲ့ဘဝကတကယ်မလွယ်ကူမချောမွေ့လှပါဘူး..ချင်ရင်းဟာ အူလာနာရာမျိုးနွယ်စုမှသခင်မလေးဖြစ်ပြီးတော့ ယုံကျန်ဧကရာဇ်ရဲ့မိဖုရားခေါင်ကြီးရဲ့ တူမတော်စပ်သူလည်းဖြစ်သည့်အပြင် မင်းသား၄ ဟုန်လီနဲ့လည်း ငယ်ငယ်ကတည်းကမေတ္တာမျှလာခဲ့တဲ့သူပါ ဒါကြောင့်ဟုန်လီဟာ ချင်ရင်းကို သူ့ရဲ့တရားဝင်ကြင်ယာတော်တင်မြှောက်ချင်ခဲ့ပေမယ့်လည်း မိဖုရားခေါင်ကြီးရဲ့အပြစ်လုပ်မှုကြောင့် ဆွေမျိုးတော်စပ်မှုကြောင့် သူမဟာ တရားဝင်ဇနီးအရာကိုတော့မရခဲ့ပါဘူး..

ဒါပေမယ့်မင်းသား၄ဟာ ချင်ရင်းကိုမြတ်နိုးချစ်ခင်လှတာကြောင့် ဒုကိုယ်လုပ်တော်အဖြစ်တော့ မင်းကြီးဆီမှာတောင်းဆိုပြီးတင်မြှောက်ခဲ့ပါတယ် ၆နှစ်ကြာတော့ ယုံကျန်မင်းကြီးနတ်ရွာစံပြီး ဟုန်လီ ပေါင်းမင်းသားက ထီးနန်းဆက်ခံခဲ့ပါတယ် ချင်ရင်းဟာ ကြင်နာတတ်ပြီး စာနာတရားရှိတဲ့မိန်းကလေးဖြစ်ပေမယ့် အနောက်နန်းဆောင်ရဲ့ကြမ်းတမ်းရက်စက်မှုတွေကြားကြောင့် သူမဟာစိတ်ပြောင်းပြီး တလှည့်ထိုရက်စက်ကြမ်းကြုတ်မှုတွေကိုပြန်သင်ယူပြီး သူမရဲ့ရာထူးရာခံအာဏာအတွက်အသုံးချလာခဲ့ပါတယ် သူမဟာ နောက်ပိုင်းမိဖုရားခေါင်ကြီးဖြစ်လာတဲ့အထိ သူမကိုဆန့်ကျင်ပြီးလျို့ဝှက်ကြံစည်မှုတွေကိုခံနေတုန်းပါပဲ။

သူမနဲ့ သူမရဲ့ချစ်လှစွာသောမင်းကြီးတို့ရဲ့ဆက်ဆံရေးကတော့ အနောက်နန်းဆောင်ကအရှုပ်တော်တွေကြားမှာ ဆုတ်ယုတ်လာခဲ့ပါတယ်။ ချင်ရင်းတစ်ယောက် ဒီလိုခက်ခဲလှတဲ့အခြေအနေတွေကြားထဲမှာ သူမရဲ့မိဖုရားခေါင်ကြီးရာထူးအတွက်ဘယ်လိုကာကွယ်သွားမလဲ .. အနောက်နန်းဆောင်ကမိဖုရားတွေကိုယ်လုပ်တော်တွေ ဘယ်လိုအာဏာအတွက်ယှဉ်ပြိုင်ကြမလဲဆိုတာကို ဇာတ်လမ်းတွဲထဲတွင် ကြည့်ရှုလိုက်ပါနော် ပရတ်သတ်ကြီး။

Translated & Reviewed by Apl Lajawn
Crd: MMTS entertainment

Share