မင်းသား Song Jae Rim နဲ့ Jiyeon တွဲနေပြီဆိုတဲ့သတင်းကို နှစ်ဖက်အေဂျင်စီတွေငြင်းဆို

T-​ara အဖွဲ့ဝင်လဲဖြစ် နာမည်ကျော်သရုပ်ဆောင်လဲဖြစ်တဲ့ Jiyeon ဟာ ဇာတ်လမ်းတွဲမှာ အတူတူသရုပ်ဆောင်ခဲ့တဲ့ မင်းသား Song Jae Rim နဲ့ချစ်သူတွေဖြစ်နေကြပြီလို့ ဒီနေ့ မေလ ၁၉ ရက်နေ့ မနက်အစောပိုင်းမှာ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

မေလ ၁၇ ရက်နေ့မှာ သူတို့နှစ်ယောက်အတူတူ Jiyeon ရဲ့ကားကို ဓာတ်ဆီဆိုင်မှာ ဆီဖြည့်နေတယ်လို့ ပရိတ်သတ်တစ်ယောက်က မြင်ခဲ့တာပါ။ Jiyeon ကကားမောင်းလာတာဖြစ်ပြီး gas ဖြည့်ဖို့မလုပ်တတ်တာကို ဘေးမှာထိုင်နေတဲ့ Song Jae Rim ကကူညီခဲ့ပြီး သူတို့နှစ်ယောက်အရမ်းကို ရင်းနှီးတဲ့ပုံ ပေါ်နေတာလို့ ပြောပြခဲ့ပါတယ်။

ဒီလိုသတင်းတွေထွက်ပေါ်လာပြီးနောက်မှာ Song Jae Rim နဲ့ Jiyeon တို့ရဲ့ အေဂျင်စီနှစ်ခုလုံးက သူတို့ကိုဒီကိစ္စနဲ့ပတ်သတ်ပြီး မေးမြန်းကြည့်ကာ အတည်ပြုပေးမယ်လို့ ပြောကြားခဲ့ပြီး အခုတော့ သူတို့ဟာရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တွေသာဖြစ်တယ်လို့ dating သတင်းကိုငြင်းဆိုခဲ့ပါတယ်။

Song Jae Rim ကမော်တော်ဆိုင်ကယ်စီးရတာ ဝါသနာပါသူတစ်ဦးဖြစ်ပြီး Jiyeon ကလဲဆိုင်ကယ်ဝယ်ထားတာ မကြာသေးတာကြောင့် ဆိုင်ကယ်စီးသင်ဖို့ Taebaek ကိုအတူတူသွားကြပြီး အပြန်မှာကားဆီဝင်ဖြည့်ခဲ့တဲ့အချိန်မှာ ပရိတ်သတ်တွေကတွေ့သွားတာလို့ ဆိုပါတယ်။

သူတို့နှစ်ဦးဟာ မနှစ်ကပဲ KBS2 ရဲ့ရုပ်သံဇာတ်လမ်းတွဲ ‘Let Me Hear Your Song’ မှာ လိုက်ဖက်ညီစွာ တွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော​့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်အနေနဲ့သာ အဆက်အသွယ်ရှိကြတယ်လို့ သိရပါတယ်။

Source: koreaboo

Share