The world of the married ဇာတ်လမ်းတွဲမှ Han So Hee သည် L’Oreal Paris ၏ မော်ဒယ်အသစ် အဖြစ်ရွေးချယ်ခံရ

The world of the married ဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့သော ဗီလိန်မလေး Han So Hee သည် လက်တလောတွင် ပရိတ်သတ်များ၏ အားပေးမှုကို တခဲနက် ရရှိလာခဲ့ပါသည်။
သူမ၏ ချောမောလှပသော ရုပ်ရည်သွင်ပြင် အပြင် ပြောင်မြောက်လှသော သရုပ်ဆောင်ချက်များကြောင့် ယခုကဲ့သို့ အောင်မြင်လာရခြင်း ဖြစ်ပါသည်။ ယခုဆိုလျှင် Han So Hee သည် Global brand တစ်ခုဖြစ်သော L’Oreal Paris hair care products ၏ ပင်တိုင် model အဖြစ်ရွေးချယ်ခြင်း ခံခဲ့ရပါသည်။

မေလ ၁၈ ရက်နေ့တွင် ‘Oreal Paris ၏ တာဝန်ရှိသူတစ်ဦးကတော့ သူမအားရွေးချယ်ခဲ့ရခြင်း အကြောင်းကို ပြောကြားခဲ့ပါသည်။ ” Han So Hee ဟာ ယခုလက်ရှိမျိုးဆက်မှာ အမျိုးသမီးတိုင်း ဖြစ်ချင်နေသော မိန်းကလေးပုံစံပဲ ဖြစ်ပါတယ်။

သူမရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသော သွင်ပြင်နှင့် ပစ်မျိုးမှဲ့မထင် အလှဟာ ကျွန်မတို့ L’Oreal Paris နှင့် လက်တွဲပီး ရှေ့လျှောက်အောင်မြင်မှုများ ရရှိအောင် ဆောင်ရွက်နိုင်မည်ကို ယုံကြည်သောကြောင့်ပဲ ဖြစ်ပါတယ်။

Han So Hee ဟာ JTBC မှ ထုတ်လွှင့်သော The world of the married ဇာတ်လမ်းတွဲတွင် Yeo Da Kyung ဇာတ်ရုပ်ဖြင့် ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့ပီး အောင်မြင်မှုများ တပွေ့တပိုက်ရရှိခဲ့ပါသည်။ သူမ၏အောင်မြင်မှုကြောင့် သူမနှင့်လက်တွဲချင်လာသော ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များစွာ ရှိနေပါပီ။

L’Oreal Parisနှင့် လက်တွဲလိုက်နိုင်ခြင်းဟာ သူမအောင်မြင်မှု၏ ပထမဆုံး အသီးအပွင့်ပင် ဖြစ်ပါသည်။ နောက်ထပ်ရရှိလာမည့် Han So Hee ၏ အောင်မြင်မှုများကို သူမ၏ ပရိတ်သတ်များအနေနှင့်လည်း ဝမ်းသာစွာဖြင့် မျှော်လင့်နေကြမည်ဆိုတာကို ခံစားမိပါသည်။

Source: Anneyongoppa

Share