ပြီးခဲ့တဲ့မေလ ၄ ရက်နေ့မှာ ကိုရီးယားပြည်သူတွေဟာ ခေါင်းဆောင်နိုင်မှုစွမ်းရည်မြင့်မားတဲ့ idol တွေကို မဲပေးရွေးချယ်ခဲ့ကြပါတယ်။ လမ်းသွားလမ်းလာပြည်သူတွေကို survey ကောက်ကာ မဲအများဆုံးရရှိခဲ့တဲ့ idol တွေကိုစာရင်းပြုစုရာမှာ BTS အဖွဲ့ရဲ့ ခေါင်းဆောင် Rap Monster ကထိပ်ဆုံးမှာ ရပ်တည်ခဲ့တာပါ။
Rap Monster ဟာ သူ့ရဲ့ထက်မြက်တဲ့ဉာဏ်ရည်နဲ့ ခေါင်းဆောင်နိုင်စွမ်းမြင့်မားမှုကြောင့် လူသိများသလို အခက်အခဲတွေကြုံလာတဲ့အခါမှာလဲ အဖွဲ့ဝင်တွေကိုဦးဆောင်ပြီး စိတ်ဓာတ်မကျအောင် နှစ်သိမ့်ပေးတတ်သူတစ်ဦးလဲဖြစ်ပါတယ်။ BTS အဖွဲ့ရဲ့အောင်မြင်မှုဟာ သူ့အပေါ်အများကြီးမူတည်နေတယ်လို့ ဆိုရင်လဲမမှားပါဘူး။
ဒီလိုအရည်အချင်းတွေနဲ့ ပြည့်စုံတာကြောင့် Rap Monster ဟာ ဒီစာရင်းမှာ မဲပေါင်း ၉၄၂၅ မဲရရှိခဲ့တာဖြစ်ပြီး မဲတွေအားလုံးရဲ့ ၃၅% ကိုရယူနိုင်ခဲ့တာဖြစ်တယ်လို့လဲသိရပါတယ်။ Rap Monster ဟာအမြဲသူ့ရဲ့ ပညာဉာဏ်ပြည့်ဝမှုကို ပရိတ်သတ်တွေမြင်အောင် ပြတတ်သူတစ်ဦးလဲဖြစ်တာကြောင့် ဒီလိုယုံကြည်လေးစားမှုရတာတော့ မဆန်းပါဘူးနော်။
Rap Monster နဲ့အတူ ဒီစာရင်းရဲ့ဒုတိယနေရာမှာ ရပ်တည်နေတာကတော့ Wanna One အဖွဲ့ဝင်ဟောင်း Park Jihoon (အဖွဲ့ခေါင်းဆောင်မဟုတ်ပေမယ့် စီမံခန့်ခွဲမှုစွမ်းရည် ထူးခြားတယ်လို့ဆိုပါတယ်) နဲ့ Twice အဖွဲ့ခေါင်းဆောင် Jihyo က တတိယနေရာ စသည်ဖြင့်အသီးသီး ရပ်တည်နေကြတာပါ။
source: kpopstarz