Lee Jinhyuk နဲ့ Kwon Hyunbin အတူတူတွဲမြင်ရမယ့် JTBC ရဲ့ဇာတ်လမ်းတွဲသစ်

ကိုရီးယားရဲ့နာမည်ကျော်ရုပ်သံအစီအစဉ် Produce101 Season 2 နဲ့ 4 မှာ final 20 အထိ အသီးသီးပါဝင်ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ Kwon Hyunbin နဲ့ Lee Jinhyuk တို့နှစ်ယောက် အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်မယ့် JTBC ရဲ့ ဒရမ်မာသစ်ကတော့ မကြာခင်မှာ ရိုက်ကူးထုတ်လွှင့်တော့မှာပါ။

Season 2 မှာ ပရိတ်သတ်အသဲစွဲဖြစ်ခဲ့တဲ့ Kwon Hyunbin နဲ့ Season 4 မှာအားပေးမှုအခိုင်အမာရရှိခဲ့တဲ့ Lee Jin Hyuk တို့နှစ်ယောက်ဟာ ‘Don’t Let Go of Your Mind’ ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ရွေးချယ်ခံထားရပြီး မင်းသမီးအနေနဲ့ကတော့ Lee Soo Min ကပါဝင်သွားမယ်လို့ သိရပါတယ်။

စီးရီးဟာ sitcom အမျိုးအစားဖြစ်ပြီး ဖတ်ရှုသူသန်းနဲ့ချီရှိခဲ့တဲ့ webtoon ကိုပြန်လည်ရိုက်ကူးမှာမို့ တကယ်ကိုအောင်မြင်မယ့်ဇာတ်လမ်းတွဲကောင်းတစ်ပုဒ်ဖြစ်မှာပါ။ Lee Jin Hyuk ဟာ မကြာသေးမီကမှ Find Me In Your Memory ဇာတ်လမ်းတွဲနဲ့ သရုပ်ဆောင်လောကကိုခြေချခဲ့သလို Kwon Hyunbin ဟာလဲ မော်ဒယ်အဖြစ်လုပ်ကိုင်နေရင်း web drama တွေမှာ ပါဝင်သရုပ်ဆောင်ဖူးသူဖြစ်ပါတယ်။

နှစ်ယောက်လုံးဟာ ချောမောတဲ့ရုပ်ရည်ရှိတဲ့အပြင် သရုပ်ဆောင်အတွေ့အကြုံလဲများကြတာမို့ ပရိတ်သတ်တွေကတော့ ဒီဇာတ်လမ်းတွဲမှာ သူတို့ရဲ့အရည်အချင်းတွေကို အများကြီးထုတ်ပြဖို့ မျှော်လင့်နေကြပါတယ်။ သူတို့နှစ်ဦးရဲ့ ပရိတ်သတ်တွေရော သူတို့အတွက်အနုပညာမှတ်တိုင်တစ်ခုဖြစ်လာမယ့် ဒီဇာတ်လမ်းတွဲလေးကိုစောင့်ကြည့်ဖို့ ရင်ခုန်နေကြပြီလား။

source: daum.net

Share