T.O.P နဲ့ Kim Ga Bin ရဲ့ အချစ်ရေးသတင်းအပေါ် YG ရဲ့ ဖြေရှင်းချက်

မေလ ၂၀ ရက်နေ့မှာ လူမှုကွန်ယွက်ပေါ်ကို Big Bang အဖွဲ့ဝင် T.O.P နဲ့ တက်သစ်စမော်ဒယ်သရုပ်ဆောင်မလေး Kim Ga Bin တို့တွဲခုတ်နေကြပြီဆိုတဲ့ သတင်းတွေဓာတ်ပုံနှင့်တကွ ထွက်ပေါ်လာပြီး ကေပေါ့ပါပရိတ်သတ်တွေကြား ပြောစရာဖြစ်လာခဲ့တာပါ။

အသိမိတ်ဆွေတွေပါဝင်တဲ့ စားပွဲတစ်ခုမှာ T.O.P ဟာ မိန်းကလေးတစ်ဦးနဲ့ ဘေးချင်းကပ်ထိုင်ကာ ပုခုံးဖက်ထားတဲ့ပုံတစ်ပုံတက်လာပြီးနောက်မှာ ညအိပ်ဝတ်စုံဆင်တူနဲ့အတူရှိနေတယ်လို့ ယူဆရတဲ့ပုံတွေအပါအဝင် တစ်ချိန်တည်းမှာတစ်နေရာတည်းကို ခရီးသွားခဲ့တဲ့ပုံတွေပါ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ပုခုံးဖက်ထားတဲ့ဓာတ်ပုံကို Kim Ga Bin ရဲ့အင်စတာဂရမ်မှာတင်လိုက်တာဖြစ်ပြီး သိပ်မကြာခင်မှာပြန်ဖျက်သွားပေမယ့် ပရိတ်သတ်တွေနဲ့ တရုတ်သတင်းဌာနဖြစ်တဲ့ Sina ကတွေ့ရှိခဲ့ပြီး ပြန်တင်ခဲ့ရာမှ သတင်းတွေပျံ့ခဲ့တာဖြစ်ပြီး ကိုရီးယားသတင်းဌာနအချို့က သူတို့ရဲ့အေဂျင်စီတွေဖြစ်တဲ့ YG နဲ့ SM C&C ကို မေးမြန်းခဲ့ပါတယ်။

YG Entertainment ကတော့ “သူတို့အနုပညာရှင်ရဲ့ ကိုယ်ပိုင်ဘဝကို တစ်စုံတစ်ရာ အတည်ပြုပြောကြားနိုင်ခြင်းမရှိလို့ နားလည်ပေးကြပါ” လို့ ငြင်းလဲမငြင်းဆို အတည်လဲမပြုပဲ ပြောကြားခဲ့ပြီး ပရိတ်သတ်တွေကတော့ မပြတ်သားတဲ့အဖြေကြောင့် ဒွိဟဖြစ်နေကြပါတယ်။

source: soompi

Share