ရုံတင်ပြသတော့မယ့် Park Shin Hye နဲ့ Yoo Ah In ရဲ့ zombie ရုပ်ရှင်သစ်အကြောင်း

ပိုစတာတွေထွက်လာကတည်းက တစ်မူထူးခြားတဲ့အသွင်ကြောင့် ပရိတ်သတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ Park Shin Hye နဲ့ Yoo Ah In တို့ရဲ့ ရုပ်ရှင်အသစ်ကတော့ ၂၀၁၉ ခုနှစ် ဂျူလိုင်လမှာရိုက်ကူးခဲ့တာဖြစ်ပြီး ဒီနှစ်ဂျွန်လမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

ရုပ်ရှင်အမည်ကတော့ Alive ဖြစ်ပြီး ဆိုးလ်မြို့မှာထူးဆန်းတဲ့ရောဂါတစ်မျိုးကူးစက်လာရာက တစ်မြို့လုံး zombie တွေဖြစ်သွားပြီး အသက်ရှင်ကျန်ရစ်သူတွေအနေနဲ့ အင်တာနက်မရှိ ဖုန်းလိုင်းမမိနဲ့ ဘယ်လိုရုန်းကန်လွတ်မြောက်ကြမလဲဆိုတာကို အသည်းတယားယား ရင်တမမကြည့်ရအောင် ရိုက်ကူးထားတာပါ။ ဝေဖန်သူတွေကတော့ ကိုရီးယားရဲ့အအောင်မြင်ဆုံး zombie ရုပ်ရှင်ဖြစ်တဲ့ Train to Busan ထက်တောင် ဝင်ငွေကောင်းနိုင်တယ်လို့လဲ ခန့်မှန်းနေကြပါတယ်။

ရုပ်ရှင်ပိုစတာထွက်ရှိလာကတည်းက အခြား zombie ကားတွေထက် ပိုပြီး သည်းထိတ်ရင်ဖိုဖြစ်ရမယ့်ရုပ်ရှင်ဆိုတာ သိသာပြီး မင်းသားနဲ့မင်းသမီးဟာ zombie တွေပြည့်နေတဲ့ တိုက်ခန်းထဲမှာ lockdown ကျနေပြီး ပြင်ပနဲ့အဆက်အသွယ်ရဖို့ ကြိုးစားကြပုံတွေ ပါဝင်တာမို့ ဆန်းသစ်တဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်မှာ အသေအချာပါပဲ။

ဇာတ်လမ်းဇာတ်ညွှန်းနဲ့ ဒါရိုက်တာရဲ့ကြိုးစားအားထုတ်မှုကို ပိုစတာမှာတင် တွေ့မြင်နိုင်သလို ဘယ်လိုဇာတ်ရုပ်မဆို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီး Park Shin Hye နဲ့ သဘာဝနဲ့အနီးစပ်ဆုံး သရုပ်ဆောင်လေ့ရှိတဲ့ မင်းသား Yoo Ah In တို့ပါဝင်တာကြောင့် ဒီရုပ်ရှင်ကိုကြည့်ဖို့ ပရိတ်သတ်တွေ အမျော်ကြီးမျှော်နေကြတာပါ။ Myanmar Cele Bar ပရိတ်သတ်တွေရော ဒီ zombie ရုပ်ရှင်ကိုကြည့်ဖို့ အဆင်သင့်ဖြစ်နေပြီလား။

Source: Dar Dar

Share