ကူးစက်ရောဂါတွေပျံ့နှံ့ပြီး ကမ္ဘာတစ်ဝှမ်းက လူတွေအားလုံး အထိတ်တလန့်ဖြစ်နေကြချိန်မှာ ပြည်သူချစ်တဲ့အနုပညာရှင်တွေအနေနဲ့ ပြည်သူတွေအပေါ် ကောင်းမွန်တဲ့လွှမ်းမိုးမှုတွေပြုလုပ်ဖို့က အရေးကြီးပါတယ်။ EXO အဖွဲ့ဝင် Chanyeol ကတော့ ပရိတ်သတ်တွေအတွက် တကယ်ကိုအားကိုးရတဲ့ idol တစ်ဦးဖြစ်ကြောင်း ကပ်ရောဂါကာလအတွင်းမှာ ပြသခဲ့တဲ့ အပြုအမူတွေကို soompi သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
၁။ ရက်ရောတဲ့ ေငွကြေးလှူဒါန်းမှု
Chanyeol ဟာ Covid-19 အတွက် ငွေကြေးအစောဆုံး လှူဒါန်းတဲ့ အနုပညာရှင်တွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ Covid-19 ကြောင့် အခက်အခဲဖြစ်နေတဲ့လူတွေကိုကူညီဖို့ ကိုရီးယားဝမ်သန်း ၅၀ (မြန်မာငွေ သိန်း ၅၀၀) ခန့်ကို လှူခဲ့တာပါ။
၂။ လက်ဆေးဖို့ တိုက်တွန်းမှု
သူ့ရဲ့ရင်းနှီးတဲ့သူငယ်ချင်းဖြစ်တဲ့ MQ နဲ့ လက်ဆေးဖို့တိုက်တွန်းတဲ့ သီချင်းတစ်ပုဒ်ကို အတူတူတွဲဖန်တီးခဲ့ပြီး သူ့ရဲ့ youtube channel နဲ့ soundcloud မှာတင်ခဲ့ပါတယ်။ မှန်ကန်တဲ့လက်ဆေးနည်းကို သီချင်းထဲမှာ သင်ပြထားပါသေးတယ်။
၃။ လက်ဆေး challenge ကို အစပြုသူ
Covid-19 ကာကွယ်ဖို့ အဓိကကျတဲ့အခြေခံအချက်ဖြစ်တဲ့ လက်ဆေးတာကို ပရိတ်သတ်တွေသေချာပြုလုပ်ဖို့ လက်ဆေး challenge ကိုအစပြုခဲ့ပြီး ပရိတ်သတ်ပေါင်းများစွာ ပါဝင်ခဲ့ပါတယ်။ တကယ်ကို လေးစားထိုက်တဲ့ အနုပညာရှင်ပါပဲ။
၄။ အမြဲတမ်း mask တပ်တဲ့ စံပြကောင်း
Covid-19 စပြန့်ပွားကတည်းက Chanyeol ဟာ မလိုအပ်ပဲအပြင်သိပ်မထွက်ပါဘူး။ အပြင်မှာသူ့ကိုတွေ့ပြီဆိုရင်လဲ စိတ်ချရတဲ့ mask ကို အမြဲတပ်ထားပြီး social distancing ကို ကျင့်သုံးပါတယ်။
၅။ အိမ်မှာကိုယ်ပိုင် bar တစ်ကို ဖန်တီး
Inha တက္ကသိုလ်ကနေ Interior design အထူးပြုနဲ့ ဘွဲ့ရရှိထားတဲ့ Chanyeol ဟာ Covid-19 ကာလအတွက် အိမ်တွင်း bar တစ်ခုကိုဖန်တီးခဲ့ပြီး တစ်ယောက်တည်းသောက်နေပုံကို လူမှုကွန်ယက်မှာတင်ခဲ့ပါတယ်။ ယာမကာသောက်ချင်တဲ့အခါ အပြင်ထွက်စရာမလိုပဲ အိမ်က bar မှာပဲအန္တရာယ်ကင်းကြောင်းကို စံနမူနာပြခဲ့သူပါ။
၆။ ဆေးဝန်ထမ်းတွေကို ဂုဏ်ပြုတတ်သူ
Covid-19 အတွက် ရှေ့တန်းကတိုက်ပွဲဝင်နေရတဲ့ ဆေးလောကဝန်ထမ်းတွေကို လေးစားတဲ့သဘောနဲ့ ဂုဏ်ပြုတဲ့ Thumbs-up challenge မှာလဲ အစောဆုံး ပါဝင်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။
ကမ္ဘာနှင့်တစ်လွှား ပရိတ်သတ်များစွာရှိတဲ့ Chanyeol ကတော့ သူ့ရဲ့လေးစားထိုက်တဲ့လုပ်ရပ်တွေနဲ့ ပရိတ်သတ်တွေအတွက် ကောင်းမွန်တဲ့လွှမ်းမိုးမှုပြယုဂ်ဖြစ်ခဲ့တာပါ။ သူ့ရဲ့ပရိတ်သတ်တွေရှိရင်လဲ သူ့အတွက်ဂုဏ်ယူနေကြမယ်ထင်ပါတယ်နော်။
(Zaw Gyi)
ကူးစက္ေရာဂါေတြပ်ံ႕ႏွံ့ၿပီး ကမၻာတစ္ဝွမ္းက လူေတြအားလုံး အထိတ္တလန႔္ျဖစ္ေနၾကခ်ိန္မွာ ျပည္သူခ်စ္တဲ့အႏုပညာရွင္ေတြအေနနဲ႔ ျပည္သူေတြအေပၚ ေကာင္းမြန္တဲ့လႊမ္းမိုးမႈေတြျပဳလုပ္ဖို႔က အေရးႀကီးပါတယ္။ EXO အဖြဲ႕ဝင္ Chanyeol ကေတာ့ ပရိတ္သတ္ေတြအတြက္ တကယ္ကိုအားကိုးရတဲ့ idol တစ္ဦးျဖစ္ေၾကာင္း ကပ္ေရာဂါကာလအတြင္းမွာ ျပသခဲ့တဲ့ အျပဳအမူေတြကို soompi သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။
၁။ ရက္ေရာတဲ့ ေငြေၾကးလႉဒါန္းမႈ
Chanyeol ဟာ Covid-19 အတြက္ ေငြေၾကးအေစာဆုံး လႉဒါန္းတဲ့ အႏုပညာရွင္ေတြထဲမွာ အပါအဝင္ျဖစ္ပါတယ္။ Covid-19 ေၾကာင့္ အခက္အခဲျဖစ္ေနတဲ့လူေတြကိုကူညီဖို႔ ကိုရီးယားဝမ္သန္း ၅၀ (ျမန္မာေငြ သိန္း ၅၀၀) ခန႔္ကို လႉခဲ့တာပါ။
၂။ လက္ေဆးဖို႔ တိုက္တြန္းမႈ
သူ႔ရဲ့ရင္းႏွီးတဲ့သူငယ္ခ်င္းျဖစ္တဲ့ MQ နဲ႔ လက္ေဆးဖို႔တိုက္တြန္းတဲ့ သီခ်င္းတစ္ပုဒ္ကို အတူတူတြဲဖန္တီးခဲ့ၿပီး သူ႔ရဲ့ youtube channel နဲ႔ soundcloud မွာတင္ခဲ့ပါတယ္။ မွန္ကန္တဲ့လက္ေဆးနည္းကို သီခ်င္းထဲမွာ သင္ျပထားပါေသးတယ္။
၃။ လက္ေဆး challenge ကို အစျပဳသူ
Covid-19 ကာကြယ္ဖို႔ အဓိကက်တဲ့အေျခခံအခ်က္ျဖစ္တဲ့ လက္ေဆးတာကို ပရိတ္သတ္ေတြေသခ်ာျပဳလုပ္ဖို႔ လက္ေဆး challenge ကိုအစျပဳခဲ့ၿပီး ပရိတ္သတ္ေပါင္းမ်ားစြာ ပါဝင္ခဲ့ပါတယ္။ တကယ္ကို ေလးစားထိုက္တဲ့ အႏုပညာရွင္ပါပဲ။
၄။ အျမဲတမ္း mask တပ္တဲ့ စံျပေကာင္း
Covid-19 စျပန႔္ပြားကတည္းက Chanyeol ဟာ မလိုအပ္ပဲအျပင္သိပ္မထြက္ပါဘူး။ အျပင္မွာသူ႔ကိုေတြ႕ၿပီဆိုရင္လဲ စိတ္ခ်ရတဲ့ mask ကို အျမဲတပ္ထားၿပီး social distancing ကို က်င့္သုံးပါတယ္။
၅။ အိမ္မွာကိုယ္ပိုင္ bar တစ္ကို ဖန္တီး
Inha တကၠသိုလ္ကေန Interior design အထူးျပဳနဲ႔ ဘြဲ႕ရရွိထားတဲ့ Chanyeol ဟာ Covid-19 ကာလအတြက္ အိမ္တြင္း bar တစ္ခုကိုဖန္တီးခဲ့ၿပီး တစ္ေယာက္တည္းေသာက္ေနပုံကို လူမႈကြန္ယက္မွာတင္ခဲ့ပါတယ္။ ယာမကာေသာက္ခ်င္တဲ့အခါ အျပင္ထြက္စရာမလိုပဲ အိမ္က bar မွာပဲအႏၲရာယ္ကင္းေၾကာင္းကို စံနမူနာျပခဲ့သူပါ။
၆။ ေဆးဝန္ထမ္းေတြကို ဂုဏ္ျပဳတတ္သူ
Covid-19 အတြက္ ေရွ႕တန္းကတိုက္ပြဲဝင္ေနရတဲ့ ေဆးေလာကဝန္ထမ္းေတြကို ေလးစားတဲ့သေဘာနဲ႔ ဂုဏ္ျပဳတဲ့ Thumbs-up challenge မွာလဲ အေစာဆုံး ပါဝင္ခဲ့တဲ့ အႏုပညာရွင္ေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ပါတယ္။
ကမၻာႏွင့္တစ္လႊား ပရိတ္သတ္မ်ားစြာရွိတဲ့ Chanyeol ကေတာ့ သူ႔ရဲ့ေလးစားထိုက္တဲ့လုပ္ရပ္ေတြနဲ႔ ပရိတ္သတ္ေတြအတြက္ ေကာင္းမြန္တဲ့လႊမ္းမိုးမႈျပယုဂ္ျဖစ္ခဲ့တာပါ။ သူ႔ရဲ့ပရိတ္သတ္ေတြရွိရင္လဲ သူ႔အတြက္ဂုဏ္ယူေနၾကမယ္ထင္ပါတယ္ေနာ္။
source: soompi