BTS အဖွဲ့ဝင် Suga ၏အသစ်ထွက်ရှိထားသော August-D “D-2” mixtapeဟာ တကမ္ဘာလုံး၏ iTunes Charts ကို သိမ်းပိုက်ထား

BTS အဖွဲ့ဝင် Sugaဟာ တကမ္ဘာလုံးရှိ iTunes chatsကို သူ၏အသစ်ထွက်ရှိလာသော August-D mixtapeဖြင့် သိမ်းပိုက်လိုက်ပါသည်။သူ၏ Mixtape ဟာ၂၀၂၀ ၊မေလ ၂၂ရက်နေ့တွင်ထွက်ရှိ ခဲ့ပါသည်။ ထွက်ရှိပီးတရက်အကြာ မေလ ၂၃ ရက်နေ့တွင်တော့ အဆိုပါ mixtape ဟာ နိုင်ငံပေါင်း ၈ဝကျော်၏ iTunes Top Albums Charts ၏ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ပါသည်။ နိုင်ငံပေါင်း ၈ဝကျော်အပြင် အခြား regions များဖြစ်သော The U.S, Canada, Germany, France, Italy, Portugal, Swedan, Saudi Arabia, United Arab Emirates, Japan, နှင့် Peru တို့လည်း ပါဝင်ခဲ့ပါသည်။

Mixtape ၏ Title track ဖြစ်သော Daechwita သီချင်မှာလည်း နိုင်ငံပေါင်း ၅ဝကျော်၏ The iTunes Top Songs Charts တွင် ထိပ်ဆုံးနေရာသို့ ရောက်ရှိခဲ့ပါသည်။Suga သည် August-D ဆိုသည့်အမည်အောက်မှ သူ့၏ပထမဆုံး Mixtape ကို ၂၀၁၆၊ August လတွင် ထုတ်ခဲ့ပါသည်။

ထို့နောက်ယခု ၂၀၂ဝခုနှစ် မေလတွင် သူရဲ့second mixtape ‘ D-2 ‘ကို ပြန်လည်၍ ပရိတ်သတ်ထံ ထုတ်ပြခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ Mixtape တွင် သီချင်းအပုဒ်ပေါင်း ၁ဝပုဒ်ခန့်ပါဝင်မှာပဲ ဖြစ်ပါသည်။ ထို့အပြင် အဆိုပါmixtape တွင်ပါဝင်ကူညီပေးကြမည့် သူများမှာ BTS အဖွဲ့ဝင် RM, Singer- song writer NiiHwa, American singer-songwriter MAX, Nell’s Kim Jong Wan တို့ပဲဖြစ်ပါသည်။

ယခုကဲ့သို့ သီချင်းသစ်ထွက်ထွက်ချင်းတွင်ပင် အောင်မြင်မှုများကို သိမ်းပိုက်ခဲ့နိုင်သော Suga အတွက် သူ့၏ပရိတ်သတ်များနည်းတူ Myanmar Cele Bar page မှ ထပ်တူဝမ်းသာမိပါသည်။ နောက်ထပ်လည်း အောင်မြင်မှု အသီးအပွင့်များစွာ ရရှိနိုင်ပါစေဟု ဆုတောင်းပေးလိုက်ပါတယ်။

(Zaw Gyi)




Source: Soompi

Share