Covid-19 တိုက်ဖျက်ရေးအတွက် ရက်ရက်ရောရော လှူဒါန်းခဲ့ကြတဲ့ Kpop Idol များ

ကမ္ဘာတစ်ဝှမ်းကူးစက်ပျံ့နှံ့နေတဲ့ Covid-19 ကပ်ရောဂါဆိုးကြီးကြောင့် ကူးစက်ခံရသူတွေရော မကူးစက်ခံရဖို့ကာကွယ်နေရသူတွေပါ စီးပွားရေးအရရော စိတ်ပိုင်းဆိုင်ရာအရပါ အခက်အခဲတွေကြုံတွေ့နေရတာပါ။ ဒီအချိန်မှာ အနုပညာရှင်တွေလဲ တတ်စွမ်းသရွေ့ပါဝင်ကူညီနေကြတာဖြစ်ပြီး ထိုအထဲမှာမှ သူတို့တွေကတော့ အစောဆုံးနဲ့အများဆုံး လှူခဲ့ကြတာပါ။

IU
အလှူအတန်းနဲ့ပတ်သတ်လာရင် ရှေ့ဆုံးကအမြဲပါဝင်လို့ နိုင်ငံတကာမီဒီယာတွေမှာတောင်ဖော်ပြခြင်းခံရတဲ့ IU ဟာ ဒီတစ်ခေါက် Covid-19 ကပ်ရောဂါအတွက်လဲ တစ်ဦးတည်းအများကြီးလှူခဲ့ပြီး သူလှူခဲ့တာတွေစုစုပေါင်းက ကိုရီးယားဝမ် ၃၂၀ သန်း (မြန်မာငွေသိန်း ၃၀၀၀ ကျော်) တောင်ရှိပါတယ်။

Suga (BTS)
ကိုရီးယားမှာ Covid-19 ကူးစက်မှုဒဏ်ကိုအခံရဆုံး မြို့နယ်တွေထဲမှာအပါအဝင်ဖြစ်တဲ့ Daegu ဟာ Suga ရဲ့မွေးရပ်မြေပါ။ သူ့မွေးရပ်မြေအတွက် Suga ဟာ ဝမ်သန်း ၁၀၀ (မြန်မာငွေသိန်း ၁၀၀၀ ေကျာ်) ကို လှူခဲ့တာဖြစ်ပါတယ်။ အခြားအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ Army fandom လဲ သီးသန့်လှူဒါန်းမှုတွေရှိကြပါတယ်။

EXO အဖွဲ့ဝင်အများစု
EXO ရဲ့ Chanyeol, Suho, Kai နဲ့ Baekhyun တို့ကတစ်ဦးချင်းအနေနဲ့ ဝမ်သန်း ၅၀ စီ လှူခဲ့သလို ကျန်တဲ့ Lay ကဝမ်သန်း ၂၀ နဲ့ masks တွေဝယ်ပြီးလှူခဲ့တာမို့ သူတို့အလှူတွေပေါင်းလိုက်ရင် မြန်မာငွေသိန်း ၂၀၀၀ ကျော်ရှိပါတယ်။ Fandom ဖြစ်တဲ့ EXO-L ကလဲ ဝမ် ၁၂ သန်းခန့် လှူခဲ့တာပါ။

Yoona (Girls’ Generation)
​သဘာဝဘေးအန္တရာယ်တွေကြုံတိုင်း အမြဲရက်ရက်ရောရောကူညီလေ့ရှိတဲ့ သူမကလဲ ရုပ်ရောစိတ်ရောလှတယ်ဆိုတဲ့ စကားလိုပဲ Covid-19 ကိုရှေ့တန်းကရင်ဆိုင်နေရတဲ့ ဆေးဝန်ထမ်းတွေအတွက် masks, အကာအကွယ်ဝတ်စုံတွေထောက်ပံ့ဖို့ ဝမ်သန်း ၁၀၀ ေကျာ်လှူဒါန်းခဲ့တာပါ။

Suzy
သူမဟာ ကိုရီးယားမှာ Covid-19 စတင်ကူးစက်ကတည်းက အစောဆုံးလှူဒါန်းခဲ့သူထဲကတစ်ဦးပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုအားတက်သရော လှူနိုင်တာကတော့ အားကျစရာပါ။ ကူးစက်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုကိုအစောဆုံးခံစားရမယ့် အခြေခံလူတန်းစားမိသားစုတွေအတွက် ဝမ်သန်း ၁၀၀ ကျော်ကို ချက်ချင်းလှူခဲ့ပါတယ်။

Irene (Red Velvet)
လူရောစိတ်ထားပါလှတဲ့ Irene ဟာလဲ Daegu သူလေးတစ်ဦးဖြစ်တာမို့ သူမရဲ့မွေးရပ်မြေအတွက် ဝမ်သန်း ၁၀၀ ကိုလှူဒါန်းခဲ့ပါသေးတယ်။ Irene တင်မက အခြား Red Velvet အဖွဲ့ဝင်တွေလဲ အသီးအသီးလှူခဲ့ကြပြီး သူတို့အလှူငွေစုစုပေါင်းက SM အလှူငွေရဲ​့ တစ်ဝက်ထက်တောင်များပါတယ်။

Kang Daniel
Wanna One အဖွဲ့ဝင်ဟောင်း solo artist Kang Daniel ကလဲ Covid-19 တိုက်ဖျက်ရေးအတွက် ဝမ်သန်း ၅၀ (မြန်မာငွေသိန်းငါးရာကျော်) လှူခဲ့ပြီး သူ့ပရိတ်သတ်တွေကပါ သူနဲ့အတူဝမ် ၅.၂ သန်းကိုထပ်လှူခဲ့ပါတယ်။ တကယ်ကိုစည်းလုံးကြတဲ့ idol နဲ့ပရိတ်သတ်တွေပါပဲ။

Tzuyu (Twice)
Tzuyu ဟာသူမရဲ့မွေးရပ်မြေဖြစ်တဲ့ တရုတ်နိုင်ငံအတွက် ဝမ်သန်း ၅၀ လှူဒါန်းခဲ့သလို ဒုတိယအိမ်ဖြစ်တဲ့ တောင်ကိုရီးယားအတွက်လဲ ဝမ်သန်း ၅၀ လှူခဲ့တာမို့ စုစုပေါင်းမြန်မာငွေ သိန်း ၁၀၀၀ ကျော်ပါတယ်။ အလှူရှင်တွေထဲမှာ အသက်အငယ်ဆုံးလဲဖြစ်ပါတယ်။

Son Naeun (Apink)
Daegu ကိုအများဆုံးလှူဒါန်းခဲ့သူတွေထဲမှာ အကါအဝင်ပါ။ ငွေကြေးဝမ်သန်း ၅၀ လှူဒါန်းခဲ့ပြီး ပြည်သူတွေရော ဆေးဝန်ထမ်းတွေပါ အားတင်းထားဖို့ စာလေးပါရေးပေးခဲ့တာဖြစ်လို့ တကယ်ကိုနှလုံးလှတဲ့ နတ်သမီးလေးပါပဲ။

Zico
Covid-19 ကြောင်​့ ဖျော်ဖြေပွဲကို ဖျက်လိုက်ရပြီး ဆုံးရှုံးနစ်နာမှုတွေရှိခဲ့ပေမယ့် ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် ဝမ်သန်း ၃၀ (မြန်မာငွေသိန်း ၃၀၀) ေကျာ်ကို Good Neightbours ဖောင်ဒေးရှင်းထံကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒီ idol တွေအပြင် အခြားသော idol တွေလဲ လှူဒါန်းမှုတွေပြုလုပ်ခဲ့ကြတာမှန်ပေမယ့် သူတို့ကတော့အစောဆုံးနဲ့ အများဆုံးလှူခဲ့ကြလို့ ကိုရီးယားမီဒီယာတွေမှာ ဖော်ပြခြင်းခံရတာပဲ ဖြစ်ပါတယ်။
Source: Dar Dar

Share