KPOP Hit Song တွေနောက်ကွယ်ကခပ်ချောချောကြယ်ပွင့် Producer သို့မဟုတ် R Tee

Big Bang လို့၊ Blackpink လို့ပြောလိုက်တာနဲ့ KPOP ပရိသတ်တင်မဟုတ်ဘဲ တော်တော်များများ သိနေကြားဖူးနေတဲ့နာမည်ကြီး KPOP အဖွဲ့တွေဖြစ်ပါတယ်။ သူတို့ရဲ့သီချင်းတွေကလည်းအပုဒ်တိုင်းလိုလို Hit ဖြစ်လေ့ရှိပါတယ်။ အခုတစ်ခါမှာတော့အဲ့လို Hit ဖြစ်လာမယ့် သီချင်းတွေကိုဖန်တီးပေးတဲ့ YG Entertainment အခွဲ The Black Label က Producer တစ်ယောက်အကြောင်းပြောပြလိုပါတယ်။

သူ့နာမည်ကတော့ R Tee လို့ခေါ်ပါတယ်။ နာမည်ပြောလိုက်ရင်ဘယ်သူများလဲဆိုပြီးဖြစ်နေမယ်ဆိုပေမယ့် Blackpink ရဲ့ “Playing With Fire”, “Kill This Love”, “Ddu-du Ddu-du”, Big Bang ရဲ့ Fxxx It, Taeyang ရဲ့ “Wake Me Up” အစရှိတဲ့နာမည်ကြီးကိုရီးယား Hit Song တွေကိုအခြား Producer တွေနဲ့အတူဖန်တီးခဲ့သူဖြစ်ပါတယ်။

အပေါ်မှာဖော်ပြသွားတဲ့သီချင်းတွေရဲ့ Drop တွေကဘယ်လောက်မြောက်ကြွတယ်ဆိုတာတော့ နားထောင်သူတိုင်းသိမယ်ထင်ပါတယ်။ ဒါတွေတင်မဟုတ်ဘဲသူဖန်တီးခဲ့တဲ့သီချင်းခပ်မိုက်မိုက်တွေရှိပါသေးတယ်။ အခုလိုနောက်ကွယ်ကနေ Hit Song တွေကိုဖန်တီးပြီးနောက်မှာတော့ Co-Producer မဟုတ်တော့ဘဲကိုယ်ပိုင်အနေနဲ့ အဆိုတော်မလေး ANDA နဲ့အတူ “What You Waiting For” ဆိုတဲ့ သီချင်းကို 2019 ခုနှစ်ထဲမှာ ထုတ်ဝေခဲ့ပါတယ်။

1990 ခုနှစ်ဖွား R Tee ခေါ် Kim Tee ဟာရုပ်ချောရုံသာမကအရည်အချင်းလည်းရှိတဲ့ Producer တစ်ဦးဖြစ်ပြီး 2014 ခုနှစ်ကတည်းက YG Entertainment ထဲပါဝင်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့သီချင်း “What You Waiting For” ဟာကနဦးက Blackpink အတွက်ဖန်တီးခဲ့တာလို့သိရပါတယ်။ဒါပေမယ့် ANDA နဲ့အတူသူ့ကိုယ်ပိုင်သီချင်းအဖြစ်ပဲထုတ်ဝေခဲ့ပါတယ်။

YG Entertainment အနေနဲ့ ဒီနှစ်ကုန်ပိုင်း‌မှာ Comeback တွေအပြင် Group အသစ်ရဲ့ Debut ပါရှိတယ်လို့ကြေညာထားတာမို့ R Tee ဖန်တီးပေးထားတဲ့သီချင်းတွေဘယ်နှပုဒ်များပါလာမလဲ၊ဘယ်လောက်မိုက်မလဲဆိုတာစောင့်ကြည့်ရမှာပါ။

Source: EDM 017 network

Share