BTS ၏ အမာခံပရိတ်သတ်များဟာ Suga ၏ အသစ်ထွက်ရှိလာသော ‘D-2’ mixtape ကြောင်ဝမ်းသာခဲ့ရုံသာမက ထို Mixtape ၏ Title Track ဖြစ်သော Daechwita MV တွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသော Jin နှင့် Jungkook တို့ကြောင့်ပို၍ ဝမ်းသာခဲ့ရပါသည်။ Music Video ထဲတွင် Suga မှ အရှေ့တွင် Rap ရွတ်နေချိန်တွင် Jin နှင့် Jungkook တို့မှ အနောက်တွင် ရန်ဖြစ်နေသော ပုံစံမျိုးဖြင့် ပုံဖော်ထားပါသည်။
အဆိုပါ sence သည် ပရိတ်သတ်များအတွက် ရီမောစေခဲ့ရသလို Suga ၏ MVတွင် Jin နှင့် Jungkook တို့ကိုပါ မြင်တွေ့ခဲ့ရသဖြင့် ပရိတ်သတ်များ စိတ်ကျေနပ်မှု ရရှိခဲ့ပါသည်။ အချိန်အနည်ငယ်မျှသာပါဝင်ခဲ့သော်လည်း အဆိုပါ sence သည် Suga ၏ music video အောင်မြင်မှုအတွက် များစွာအထောက်အပံ့ ပေးခဲ့ပါသည်။
ထိုကဲ့သို့ ပါဝင်ခဲ့ရခြင်းအကြောင်းအရင်းကို မေးမြန်းခဲ့ရာJin မှ BTS episode တွင်ဖြေကြားခဲ့ပါသည်။ Jin မှ စနောက်၍ suga ကသူတို့နှစ်ဦးကို လက်အုပ်ချီ၍သူ၏ MVတွင်ပါဝင်ပေးရန် တောင်းဆိုခဲ့သောကြောင့် ဖြစ်သည်ဟုဆိုခဲ့ပါသည်။ ထိုသို့ပြောဆိုချိန်တွင် Jungkook ၏မျက်နှာထားနှင့် Jin ၏ရွှတ်နောက်နောက်အကျင့်တို့ကြောင့် ထိုကဲ့သို့ဖြစ်ရပ်မျိုးမရှိခဲ့ကြောင်း ပရိတ်သတ်များက တန်း၍သိခဲ့ပါသည်။
BTS အဖွဲ့ဝင်များဟာ အမြဲတမ်း Teamwork ကောင်းသောကြောင့် ပရိတ်သတ်များ၏ ချီးကျူ းမှုကို ရရှိထားတာပဲ ဖြစ်ပါတယ်။ ယခုဆိုလျှင်လည်း Suga ၏ MV အသစ်တွင် ပါဝင်အားဖြည့်ပေးသော BTS အဖွဲ့ဝင်များ၏ ညီအကိုစိတ်ဓာတ်ကို တွေ့ရှိခဲ့ရတာပဲ ဖြစ်ပါသည်။ ပရိတ်သတ်ကြီးလည်း Suga ၏ အသစ်ထွက်ရှိထားသော Daechwita သီချင်းအား အားပေးနားဆင် လိုက်ကြပါဦးနော်။