Ji Chang Wook ​၏ အနုပညာခရီးလမ်းနှင့် သူ​၏အောင်မြင်ခဲ့သော ရုပ်ရှင်၊ ဇာတ်လမ်းတွဲများ

Ji Chang Wook (၅ ဇူလိုင် ၁၉၈၇ မွေး)သည် တောင်ကိုရီးယားသရုပ်ဆောင်တဦး ဖြစ်သည်။ Smile Again ဇာတ်လမ်းတွဲ(၂၀၁၀-၂၀၁၁)၌ ဒုန်းဟယ် အဓိကဇာတ်ရုပ်ဖြင့် စတင်ထင်ရှားလာပြီးနောက်၊ Warrior Baek Dong Soo(၂၀၁၁)၊ Empress Ki (၂၀၁၃-၂၀၁၄)၊ Healer (၂၀၁၄-၂၀၁၅)၊The K2 (၂၀၁၆)၊ The suspicious partners (၂၀၁၈ ) နှင့် melting me softly ( ၂၀၁၉ ) တွင်ပါဝင်္ငခဲ့ပီး အောင်မြင်သော မင်းသားတစ်လတ် ဖြစ်လာခဲ့ပါသည်။

၂၀၁၀ ၌ ၁၅၉ ပိုင်းပါ Smile Again ဇာတ်လမ်းတွဲရှည်၌ စတင်ပါဝင်သည်။ ကိုရီးယားအမေရိကန် ရေခဲစကိတ်ပတ်လမ်းတိုပြိုင်ပွဲဝင်အဖြစ်နှင့် ရေခဲစကိတ်ကွင်း၌ တနေ့လျှင် လေးငါးနာရီ လေ့ကျင့်ခဲ့ရသည်။ Smile Again သည် ၁၅ ပတ်ဆက်တိုက် ဘုတ်တွင် ထိပ်စွဲပြီး ကေဘီအက်စ်ရုပ်သံဆုပေးပွဲ၌ အကောင်းဆုံး နေ့စဉ်ရုပ်သံမင်းသားဆုကို သူသည် ချီးမြင့်ခံရသည်။

ထို့နောက် ၂၀၁၁ အက်ရှင်-သမိုင်းနောက်ခံဇာတ်လမ်းတွဲ စစ်သည်တော်ဘက်ဒုန်းဆူ ( Warrior Baek Dong Soo) ၌ အမည်ခံဇာတ်ရုပ်၌ ပါဝင်သည်။ မူလက လီဂျေဟော်၏ ကာတွန်းဇာတ်လမ်း ဂုဏ်သရေရှိဘက်ဒုန်းဆူ ကို မှီငြမ်းထားသော ၎င်းသည် ဂျိုဆွန်းခေတ် ဓားသမား ဘက်ဒုန်းဆူဆိုသူသည် ငယ်စဉ်မှ ကြီးပြင်းလာသည့်တလျှောက်တွင် နိုင်ငံရေးကို စိတ်ဝင်စားပီး ရန်သူနှင့် ရင်ဆိုင်ရပုံ အကြောင်း ဇာတ်လမ်းဖြစ်သည်။ ထိုဇာတ်လမ်းတွဲသည် ရုပ်သံလွှင့်အစီအစဉ်၌ ၁၃ ပတ်တာ နံပါတ်တစ် ဖြစ်ပြီး၊ Ji Chang Wook သည် SBS ရုပ်သံဆုပေးပွဲ၌ မျက်နှာသစ်ဆုကို ရရှိသည်။

သမိုင်းနောက်ခံဇာတ်လမ်း Empress Ki ၌ ယွမ်မင်းဆက် ၁၆ ကြိမ်မြောက် ဧကရာဇ် ဟွေကျုံဟုလည်းသိသော တော့ဟောတယ်မွာ အဖြစ် သရုပ်ဆောင်ကာ တဟုန်ထိုး ကျော်ကြားလာသည်။ ဇာတ်လမ်းတွဲသည် နိုင်ငံအဝန်း ကြည့်ရှုသူများ၏ အမှတ်ပေးခြင်း ခံရပြီး၊ ၂၅.၁၂ ရာခိုင်နှုန်းထိ ရရှိခဲ့သည်။ ဘုရင်ငယ်အဖြစ် သရုပ်ဆောင်ပီပြင်မှုက ဝေဖန်ရေးသမားများနှင့် ပရိသတ်များစိတ်ထဲ ကြီးစွာ အကောင်းမြင်ခံရပြီး၊ များစွာ ချီးကျူးခံရသည်။ ထိုင်ဝမ်၌ ပထမဦးဆုံးသော ပရိသတ်တွေ့ဆုံပွဲ လုပ်နိုင်ခဲ့သည်။

Ji Chang Wook ဟာ ၂၀၁၈ ၊ ၂၀၁၉ ခုနှစ်များတွင်လည်း သူ​၏ အောင်မြင်သော ရုပ်ရှင် ဇာတ်လမ်းတွဲများကြောင့် တောင်ကိုရီးယားတွင်သာမက အခြားနိုင်ငံများတွင်ပါ နာမည်ကြီးခဲ့ပါသည်။ ပရိတ်သတ်တိုင်း ချစ်ခင်နှစ်သက်သည့် တောင်ကိုရီးယားနိုင်ငံ​၏ အနုပညာကြယ်ပွင့် တပွင့်လည်း ဖြစ်လာခဲ့ပါသည်။ ယခု ၂၀၂၀ တွင်လည်း ရုပ်ရှင်အသစ် ၊ ဇာတ်လမ်းတွဲအသစ်များဖြင့် ပရိတ်သတ်ထံ ပြန်လာဦးမှာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း Ji Chang Wook ကိုသဘောကျရင် တခုခုပြောခဲ့ပါဦးနော်..။

Source: Phoo Phoo

Ji Chang Wook ​၏ အႏုပညာခရီးလမ္းႏွင့္ သူ​၏ေအာင္ျမင္ခဲ့ေသာ ႐ုပ္ရွင္၊ ဇာတ္လမ္းတြဲမ်ား (Zawgyi)

Ji Chang Wook (၅ ဇူလိုင္ ၁၉၈၇ ေမြး)သည္ ေတာင္ကိုရီးယားသ႐ုပ္ေဆာင္တဦး ျဖစ္သည္။ Smile Again ဇာတ္လမ္းတြဲ(၂၀၁၀-၂၀၁၁)၌ ဒုန္းဟယ္ အဓိကဇာတ္႐ုပ္ျဖင့္ စတင္ထင္ရွားလာၿပီးေနာက္၊ Warrior Baek Dong Soo(၂၀၁၁)၊ Empress Ki (၂၀၁၃-၂၀၁၄)၊ Healer (၂၀၁၄-၂၀၁၅)၊The K2 (၂၀၁၆)၊ The suspicious partners (၂၀၁၈ ) ႏွင့္ melting me softly ( ၂၀၁၉ ) တြင္ပါဝငၤခဲ့ပီး ေအာင္ျမင္ေသာ မင္းသားတစ္လတ္ ျဖစ္လာခဲ့ပါသည္။

၂၀၁၀ ၌ ၁၅၉ ပိုင္းပါ Smile Again ဇာတ္လမ္းတြဲရွည္၌ စတင္ပါဝင္သည္။ ကိုရီးယားအေမရိကန္ ေရခဲစကိတ္ပတ္လမ္းတိုၿပိဳင္ပြဲဝင္အျဖစ္ႏွင့္ ေရခဲစကိတ္ကြင္း၌ တေန႔လၽွင္ ေလးငါးနာရီ ေလ့က်င့္ခဲ့ရသည္။ Smile Again သည္ ၁၅ ပတ္ဆက္တိုက္ ဘုတ္တြင္ ထိပ္စြဲၿပီး ေကဘီအက္စ္႐ုပ္သံဆုေပးပြဲ၌ အေကာင္းဆုံး ေန႔စဥ္႐ုပ္သံမင္းသားဆုကို သူသည္ ခ်ီးျမင့္ခံရသည္။

ထို႔ေနာက္ ၂၀၁၁ အက္ရွင္-သမိုင္းေနာက္ခံဇာတ္လမ္းတြဲ စစ္သည္ေတာ္ဘက္ဒုန္းဆူ ( Warrior Baek Dong Soo) ၌ အမည္ခံဇာတ္႐ုပ္၌ ပါဝင္သည္။ မူလက လီေဂ်ေဟာ္၏ ကာတြန္းဇာတ္လမ္း ဂုဏ္သေရရွိဘက္ဒုန္းဆူ ကို မွီျငမ္းထားေသာ ၎သည္ ဂ်ိဳဆြန္းေခတ္ ဓားသမား ဘက္ဒုန္းဆူဆိုသူသည္ ငယ္စဥ္မွ ႀကီးျပင္းလာသည့္တေလၽွာက္တြင္ နိုင္ငံေရးကို စိတ္ဝင္စားပီး ရန္သူႏွင့္ ရင္ဆိုင္ရပုံ အေၾကာင္း ဇာတ္လမ္းျဖစ္သည္။ ထိုဇာတ္လမ္းတြဲသည္ ႐ုပ္သံလႊင့္အစီအစဥ္၌ ၁၃ ပတ္တာ နံပါတ္တစ္ ျဖစ္ၿပီး၊ Ji Chang Wook သည္ SBS ႐ုပ္သံဆုေပးပြဲ၌ မ်က္ႏွာသစ္ဆုကို ရရွိသည္။

သမိုင္းေနာက္ခံဇာတ္လမ္း Empress Ki ၌ ယြမ္မင္းဆက္ ၁၆ ႀကိမ္ေျမာက္ ဧကရာဇ္ ေဟြက်ဳံဟုလည္းသိေသာ ေတာ့ေဟာတယ္မြာ အျဖစ္ သ႐ုပ္ေဆာင္ကာ တဟုန္ထိုး ေက်ာ္ၾကားလာသည္။ ဇာတ္လမ္းတြဲသည္ နိုင္ငံအဝန္း ၾကည့္ရႈသူမ်ား၏ အမွတ္ေပးျခင္း ခံရၿပီး၊ ၂၅.၁၂ ရာခိုင္ႏႈန္းထိ ရရွိခဲ့သည္။ ဘုရင္ငယ္အျဖစ္ သ႐ုပ္ေဆာင္ပီျပင္မႈက ေဝဖန္ေရးသမားမ်ားႏွင့္ ပရိသတ္မ်ားစိတ္ထဲ ႀကီးစြာ အေကာင္းျမင္ခံရၿပီး၊ မ်ားစြာ ခ်ီးက်ဴးခံရသည္။ ထိုင္ဝမ္၌ ပထမဦးဆုံးေသာ ပရိသတ္ေတြ႕ဆုံပြဲ လုပ္နိုင္ခဲ့သည္။

Ji Chang Wook ဟာ ၂၀၁၈ ၊ ၂၀၁၉ ခုႏွစ္မ်ားတြင္လည္း သူ​၏ ေအာင္ျမင္ေသာ ႐ုပ္ရွင္ ဇာတ္လမ္းတြဲမ်ားေၾကာင့္ ေတာင္ကိုရီးယားတြင္သာမက အျခားနိုင္ငံမ်ားတြင္ပါ နာမည္ႀကီးခဲ့ပါသည္။ ပရိတ္သတ္တိုင္း ခ်စ္ခင္ႏွစ္သက္သည့္ ေတာင္ကိုရီးယားနိုင္ငံ​၏ အႏုပညာၾကယ္ပြင့္ တပြင့္လည္း ျဖစ္လာခဲ့ပါသည္။ ယခု ၂၀၂၀ တြင္လည္း ႐ုပ္ရွင္အသစ္ ၊ ဇာတ္လမ္းတြဲအသစ္မ်ားျဖင့္ ပရိတ္သတ္ထံ ျပန္လာဦးမွာပဲ ျဖစ္ပါတယ္။ ပရိတ္သတ္ႀကီးလည္း Ji Chang Wook ကိုသေဘာက်ရင္ တခုခုေျပာခဲ့ပါဦးေနာ္..။

Source: Phoo Phoo

Share