ခက်ခဲတဲ့ကကွက်တွေနဲ့ သီချင်းတွေကို live ဆိုနေရတဲ့ kpop idol တွေအတွက် ဒဏ်ရာရနေတဲ့အချိန်မှာ စင်ပေါ်တက်ဖို့ဆိုတာ အင်မတန်နာကျင်ရမယ့်ကိစ္စပါ။ အခုဖော်ပြထားတဲ့ idol တွေကတော့ ထိခိုက်မှုတွေရှိနေတာတောင် ပရိတ်သတ်အတွက်အားတင်းပြီး ဖျော်ဖြေခဲ့ကြသူတွေပါ။
D.O. (EXO)
MAMA 2013 ရဲ့ဖျော်ဖြေမှုမှာ D.O. ဟာ ခုံပေါ်ကခုန်ချတဲ့နေရာမှာ ခြေထောက်ခေါက်သွားခဲ့ပေမယ့် ဖျော်ဖြေမှုပြီးတဲ့အထိ အားတင်းပြီးဖျော်ဖြေခဲ့တာပါ။ သီချင်းအစမှာတင် ခြေထောက်ထိခိုက်သွားပေမယ့် ခက်ခဲတဲ့ကကွက်တွေကို ဟန်မပျက်ဆက်ကခဲ့ပါတယ်။
Lee Daehwi (AB6IX)
Wanna One အဖွဲ့နဲ့ဖျော်ဖြေခဲ့တဲ့ စင်မြင့်တစ်ခုမှာ နားရွက်ကိုထိခိုက်မိပြီး သွေးတွေတောင်ထွက်လာခဲ့ပေမယ့် အပြုံးမပျက်ပဲ ပွဲပြီးတဲ့အထိဖျော်ဖြေခဲ့တာပါ။ အရွယ်ငယ်ငယ်ကလေးတစ်ယောက်ရဲ့ professional ဆန်မှုကို လူတိုင်းအံ့ဩချီးကျူးမဆုံးဖြစ်ခဲ့ရပါတယ်။
Taeyang (Big Bang)
သီချင်းဆိုနေရင်း မိုက်ကိုသူ့မျက်နှာနဲ့မတော်တဆ ရိုက်မိတဲ့အရှိန်က နှာခေါင်းသွေးတွေတောင်ထွက်လာတဲ့အထိ ဖြစ်ခဲ့ပေမယ့် Taeyang ကတော့ ဂရုစိုက်ပုံတောင်မပြပဲ သီချင်းပြီးတဲ့အထိ ဟန်မပျက်ဆက်ဆိုခဲ့တာကြောင့် ပွဲလာပရိတ်သတ်တွေ အံ့ဩခဲ့ရပါတယ်။
Kai (EXO)
အဖွဲ့ရဲ့ main dancer ဖြစ်တာမို့ ခက်ခဲတဲ့ကကွက်တွေကြောင့် ခါးမှာထိခိုက်မှုဖြစ်ခဲ့ရပေမယ့် အမြဲအားတက်သရော ဖျော်ဖြေတတ်သူပါ။ Wolf era တုန်းကလဲ သီချင်းတစ်လျှောက်လုံး နာကျင်နေရပုံပေါ်ပေမယ့် အားတင်းပြီးအဆုံးထိ ဖျော်ဖြေခဲ့ပါတယ်။
Hoony (Winner)
သူဟာလဲ အဖွဲ့ရဲ့ main dancer ဖြစ်ပြီး စိတ်အားထက်သန်လွန်းတာကြောင့့် ခါးမှာဒဏ်ဖြစ်ပြီး နာကျင်နေခဲ့ရပေမယ့် စင်ပေါ်မှာအပြုံးမပျက်ဖျော်ဖြေခဲ့ပြီး ပွဲအပြီးမှာဆေးရုံကိုချက်ချင်းသွားပြီး ကုသမှုခံယူလိုက်ရတာကြောင့် ပရိတ်သတ်တွေ စိတ်ထိခိုက်ခဲ့ရပါတယ်။
Jungkook (BTS)
Blood, Sweat & Tears သီချင်းကို ဖျော်ဖြေတဲ့စင်မြင့်တစ်ခုမှာ သူ့ရဲ့လက်ဖမိုးမှာ သွေးတွေရှိနေခဲ့တာပါ။ ထိခိုက်မှုကိုမမြင်လိုက်ရပေမယ့် fan တွေကစိတ်ပူခဲ့ကြပြီး Jungkook ကတော့ အပြီးသတ်တဲ့အထိ ဖျော်ဖြေသွားခဲ့ပါတယ်။
Mino (Winner)
အကြောထိခိုက်မှုကြောင့် လည်ပင်းတွေလှည့်လို့မရအောင် နာကျင်နေတဲ့ကြားက neck brace တပ်ပြီး ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ ငြိမ်ငြိမ်နေရမယ့်လူနာဖြစ်ပေမယ့် ပရိတ်သတ်အတွက် နာကျင်မှုကိုမေ့ပြီး ဖျော်ဖြေခဲ့သူတစ်ဦးပါ။
Sowon (Gfriend)
Gfriend အဖွဲ့ရဲ့ မြန်ဆန်ပြီးခက်ခဲတဲ့ကကွက်တွေဟာ ဒီတိုင်းတောင်လိုက်ကဖို့ မလွယ်ပေမယ့် Sowon ကတော့ စင်ပေါ်မှာ ခြေချင်းဝတ်ခေါက်သွားတာတောင် မျက်နှာတစ်ချက်မပျက်ပဲ ကသွားခဲ့ပါတယ်။ နာနေမှာသေချာပေမယ့် professional ကျကျ သည်းခံခဲ့တာပါ။
Kim Yo Han
X1 အဖွဲ့နဲ့ဖျော်ဖြေခဲ့တုန်းက ပွဲဦးထွက်စမှာတင် ခြေထောက်ထိခိုက်ခဲ့တာကြောင့် မကပြနိုင်တော့ပေမယ့် နည်းလမ်းရှာပြီး စင်ပေါ်မှာထိုင်ခုံလေးတစ်လုံးနဲ့ သီချင်းထိုင်ဆိုပြီး ပရိတ်သတ်တွေ စိတ်မကောင်းမဖြစ်ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
Namjoo (Apink)
2016 ခုနှစ်မှာလုပ်ခဲ့တဲ့သူတို့ရဲ့ tour မှာ Namjoo ဟာ ခြေထောက်ဒဏ်ရာရခဲ့ပြီး လမ်းတောင်မလျှောက်နိုင်ခဲ့ပေမယ့် သူ့ကိုတွေ့ချင်တဲ့ပရိတ်သတ်တွေ စိတ်မပျက်ရစေဖို့ စင်ပေါ်မှာခုံနဲ့ဖျော်ဖြေခဲ့တဲ့အပြင် လက်ကကွက်တွေကိုပါ ကြိုးစားပမ်းစားလိုက်ကခဲ့ပါတယ်။
Source: Dar Dar