အမျိုးသမီးတွေရဲ့ဘဝနဲ့ပတ်သတ်လို့ Xiao Zhan ရဲ့ လေးစားဖွယ်ရာ သဘောထား

လက်ရှိမှာ တရုတ်နိုင်ငံရဲ့ အအောင်မြင်ဆုံးသော မင်းသားတွေထဲမှာအပါအဝင်ဖြစ်တဲ့ Xiao Zhan ဟာ သူ့ရဲ့တည်ငြိမ်တဲ့ရုပ်သွင်နဲ့ သရုပ်ဆောင်စွမ်းရည်အပြင် လေးစားဖွယ်ရာ အတွေးအခေါ်နဲ့ အပြောအဆိုတွေကြောင့်လဲ ပရိတ်သတ်တွေရဲ့ ချစ်ခင်လေးစားမှုကို ရနေတဲ့ မင်းသားချောတစ်ဦး ဖြစ်ပါတယ်။

အခုလဲသူဟာ အင်တာဗျူးတစ်ခုမှာ ဖြေလိုက်တဲ့အဖြေကြောင်​့ လူထုတစ်ရပ်လုံးရဲ့ ချီးကျူးမှုကိုခံနေရပါတယ်။ “အမျိုးသမီးတွေအနေနဲ့ အနေနဲ့ အိမ်ထဲမှာပဲအိမ်မှုကိစ္စလုပ်ရမယ်ဆိုတဲ့ စကားတွေကို မင်းအနေနဲ့ လက်ခံလား ဘယ်လိုယူဆလဲ” ဆိုတဲ့မေးခွန်းကို သူပြန်ဖြေလိုက်တဲ့အဖြေကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုနှစ်ဆတိုးလာတာပါ။

“အမျိုးသမီးတွေအတွက်လဲ အသက်မွေးဝမ်းကြောင်းတစ်ခု တည်တည်တံ့တံ့ရှိတာ အရမ်းကောင်းတယ်လို့ ကျွန်တော်မြင်တယ်။ သူတို့ဘဝမှာ အောင်မြင်လာတာနဲ့အမျှ ကိုယ့်ကိုကိုယ်တန်ဖိုးထားမှုနဲ့ ကိုယ့်အပေါ်ပြန်မြင်တဲ့ ရှုထောင့်တွေက ပြောင်းလဲလာပြီး relationship တွေတည်ဆောက်တဲ့နေရာမှာပါ အကျိုးရှိလာမှာပါ” လို့ သူကပြောခဲ့တာပါ။

အမျိုးသားတစ်ယောက်ဖြစ်ပေမယ့် အမျိုးသမီးတွေရဲ့ ဖြစ်တည်မှုကို လေးစားပြီးတန်ဖိုးထားတဲ့ Xiao Zhan ကတော့ တကယ်ကိုချစ်ရကျိုးနပ်တယ်လို့ ပရိတ်သတ်တွေကဆိုပါတယ်။ Xiao Zhan ရဲ့အမျိုးသမီးပရိတ်သတ်တွေလဲ ကိုယ့်ရဲ့ idol အတွက် ဂုဏ်ယူနေကြမယ်လို့ ထင်ပါတယ်နော်။

(Zawgyi)

လက္ရွိမွာ တ႐ုတ္နိုင္ငံရဲ့ အေအာင္ျမင္ဆုံးေသာ မင္းသားေတြထဲမွာအပါအဝင္ျဖစ္တဲ့ Xiao Zhan ဟာ သူ႔ရဲ့တည္ၿငိမ္တဲ့႐ုပ္သြင္နဲ႔ သ႐ုပ္ေဆာင္စြမ္းရည္အျပင္ ေလးစားဖြယ္ရာ အေတြးအေခၚနဲ႔ အေျပာအဆိုေတြေၾကာင့္လဲ ပရိတ္သတ္ေတြရဲ့ ခ်စ္ခင္ေလးစားမႈကို ရေနတဲ့ မင္းသားေခ်ာတစ္ဦး ျဖစ္ပါတယ္။

အခုလဲသူဟာ အင္တာဗ်ဴးတစ္ခုမွာ ေျဖလိုက္တဲ့အေျဖေၾကာင္​့ လူထုတစ္ရပ္လုံးရဲ့ ခ်ီးက်ဴးမႈကိုခံေနရပါတယ္။ “အမ်ိဳးသမီးေတြအေနနဲ႔ အေနနဲ႔ အိမ္ထဲမွာပဲအိမ္မႈကိစၥလုပ္ရမယ္ဆိုတဲ့ စကားေတြကို မင္းအေနနဲ႔ လက္ခံလား ဘယ္လိုယူဆလဲ” ဆိုတဲ့ေမးခြန္းကို သူျပန္ေျဖလိုက္တဲ့အေျဖေၾကာင့္ ပရိတ္သတ္ေတြရဲ့ ခ်စ္ခင္အားေပးမႈႏွစ္ဆတိုးလာတာပါ။

“အမ်ိဳးသမီးေတြအတြက္လဲ အသက္ေမြးဝမ္းေၾကာင္းတစ္ခု တည္တည္တံ့တံ့ရွိတာ အရမ္းေကာင္းတယ္လို႔ ကၽြန္ေတာ္ျမင္တယ္။ သူတို႔ဘဝမွာ ေအာင္ျမင္လာတာနဲ႔အမၽွ ကိုယ့္ကိုကိုယ္တန္ဖိုးထားမႈနဲ႔ ကိုယ့္အေပၚျပန္ျမင္တဲ့ ရႈေထာင့္ေတြက ေျပာင္းလဲလာၿပီး relationship ေတြတည္ေဆာက္တဲ့ေနရာမွာပါ အက်ိဳးရွိလာမွာပါ” လို႔ သူကေျပာခဲ့တာပါ။

အမ်ိဳးသားတစ္ေယာက္ျဖစ္ေပမယ့္ အမ်ိဳးသမီးေတြရဲ့ ျဖစ္တည္မႈကို ေလးစားၿပီးတန္ဖိုးထားတဲ့ Xiao Zhan ကေတာ့ တကယ္ကိုခ်စ္ရက်ိဳးနပ္တယ္လို႔ ပရိတ္သတ္ေတြကဆိုပါတယ္။ Xiao Zhan ရဲ့အမ်ိဳးသမီးပရိတ္သတ္ေတြလဲ ကိုယ့္ရဲ့ idol အတြက္ ဂုဏ္ယူေနၾကမယ္လို႔ ထင္ပါတယ္ေနာ္။

source: xzhan1005

Share