ပရိတ်သတ်အချစ်တော် Song Il Kook ရဲ့ ချစ်မေတ္တာတွေအပြည့်နဲ့ မိသားစုလေး

မြန်မာပရိတ်သတ်တွေ ဂျူမုံလို့သိကြတဲ့ မင်းသား Song Il Kook ရဲ့မိသားစုအကြောင်းကိုတော့ စိတ်ဝင်စားမယ်​့ ပရိတ်သတ်တွေများမယ်လို့ထင်ပါတယ်။ မင်းသားသာမက သူ့ရဲ့သားလေးတွေဖြစ်တဲ့ ဒယ်ဟန် မင်ဂု မန်ဆယ်တို့ဟာလဲ အောင်မြင်ကျော်ကြားတာကြောင်​့သူတို့မိသားစုလေးကို ပရိတ်သတ်တွေချစ်ကြတာပါ။

Song Il Kook ဟာ သုံးမြွာလေးတွေရဲ့ မေမေဖြစ်တဲ့ Jung Seung Yeon နဲ့ ၂၀၀၈ ခုနှစ်ကတည်းက လက်ထပ်ထားပြီး ၂၀၁၂ ခုနှစ်မှာ ပြည်သူ့အချစ်တော် ဒယ်ဟန် မင်ဂု မန်ဆယ်တို့ကို မွေးဖွားခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်ကတော့ အမျိုးသမီးဖြစ်သူရဲ့ အလုပ်တာဝန်ကြောင့် မိသားစုလိုက် ပြင်သစ်နိုင်ငံကိုပြောင်းရွှေ့နေခဲ့ကြပေမယ့် အခုတော့ တောင်ကိုရီးယားနိုင်ငံမှာပဲ အခြေချနေတာပါ။

အမြွာလေးတွေရဲ့မေမေက တရားသူကြီးတစ်ဦးဖြစ်တာကြောင်​့ TV နဲ့ media တွေမှာ သိပ်မတွေ့ရပေမယ့် လှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဒယ်ဟန်ဟာ အမေတူသားလေးဖြစ်ပါတယ်။ မင်းဂုကတော့ ဖေဖေနဲ့မေမေ နှစ်ယောက်လုံးနဲ့တူပြီး မန်ဆယ်ကတော့ ရုပ်ရည်ရော အပြုအမူတွေရော ဖေဖေ Song Il Kook နဲ့တူတာပါတဲ့။

Song Il kook ရော ဇနီးဖြစ်သူရောဟာ စိတ်ထားနူးညံ့ပြီး သားလေးသုံးယောက်ကိုလဲ လူလိမ္မာလေးတွေဖြစ်အောင် ပျိုးထောင်နိုင်ပါတယ်။ သားတွေကို Song Il Kook တို့မိသားစု ထိန်းကျောင်းပုံ ၊ ဆုံးမပုံတွေဟာ တကယ်ကိုလေးစားစရာကောင်းပြီး Song Il Kook ကို တောင်ကိုရီးယားရဲ့ စံပြဖခင်လို့တောင် ခေါ်ကြပါတယ်။

လက်ရှိမှာတော့ အမြွာလေးသုံးယောက်ဟာ ရှစ်နှစ်အရွယ်ရှိပြီဖြစ်ပြီး မူလတန်းဒုတိယနှစ်ကို ရောက်နေကြပါပြီ။ ငယ်ငယ်တည်းက လူရည်လည်တဲ့ Minguk လေးကတော့ သူငယ်တန်းကျောင်းဆင်းပွဲမှာ အားလုံးရဲ့ကိုယ်စား ကျောင်းသားကိုယ်စားလှယ်အဖြစ်နဲ့ ကျေးဇူးတင်စကားပြောခဲ့ရတာဖြစ်ပြီး Daehan နဲ့ Manseh ဟာလဲ စာတွေကြိုးစားနေကြပါတယ်။

သူတို့ရဲ့ဖေဖေ Song Il Kook ကတော့ 2016 ခုနှစ်ကရိုက်ကူးခဲ့တဲ့ Jang Young Sil ဇာတ်လမ်းတွဲအပြီးမှာ ဇာတ်ကားရိုက်ကူးမှုမရှိတော့ပဲ သားတွေနဲ့အတူကြော်ငြာတွေလောက်သာ လက်ခံရိုက်ကူးပြီး အလုပ်များတဲ့ဇနီးအတွက် သားတွေကိုထိန်ပေးနေပုံရပါတယ်။ သူတို့မိသားစုလေးအကြောင်းကို သိချင်ကြတဲ့ပရိတ်သတ်တွေလဲ ခုလိုစုံစုံလင်လင်သိလိုက်ရလို့ ကျေနပ်ကြမယ်ထင်ပါတယ်နော်။

(Zawgyi)

ျမန္မာပရိတ္သတ္ေတြ ဂ်ဴမုံလို႔သိၾကတဲ့ မင္းသား Song Il Kook ရဲ့မိသားစုအေၾကာင္းကိုေတာ့ စိတ္ဝင္စားမယ္​့ ပရိတ္သတ္ေတြမ်ားမယ္လို႔ထင္ပါတယ္။ မင္းသားသာမက သူ႔ရဲ့သားေလးေတြျဖစ္တဲ့ ဒယ္ဟန္ မင္ဂု မန္ဆယ္တို႔ဟာလဲ ေအာင္ျမင္ေက်ာ္ၾကားတာေၾကာင္​့သူတို႔မိသားစုေလးကို ပရိတ္သတ္ေတြခ်စ္ၾကတာပါ။

Song Il Kook ဟာ သုံးႁမြာေလးေတြရဲ့ ေမေမျဖစ္တဲ့ Jung Seung Yeon နဲ႔ ၂၀၀၈ ခုႏွစ္ကတည္းက လက္ထပ္ထားၿပီး ၂၀၁၂ ခုႏွစ္မွာ ျပည္သူ႔အခ်စ္ေတာ္ ဒယ္ဟန္ မင္ဂု မန္ဆယ္တို႔ကို ေမြးဖြားခဲ့ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ႏွစ္ကေတာ့ အမ်ိဳးသမီးျဖစ္သူရဲ့ အလုပ္တာဝန္ေၾကာင့္ မိသားစုလိုက္ ျပင္သစ္နိုင္ငံကိုေျပာင္းေရႊ႕ေနခဲ့ၾကေပမယ့္ အခုေတာ့ ေတာင္ကိုရီးယားနိုင္ငံမွာပဲ အေျခခ်ေနတာပါ။

အႁမြာေလးေတြရဲ့ေမေမက တရားသူႀကီးတစ္ဦးျဖစ္တာေၾကာင္​့ TV နဲ႔ media ေတြမွာ သိပ္မေတြ႕ရေပမယ့္ လွပတဲ့အမ်ိဳးသမီးတစ္ေယာက္ျဖစ္ၿပီး ဒယ္ဟန္ဟာ အေမတူသားေလးျဖစ္ပါတယ္။ မင္းဂုကေတာ့ ေဖေဖနဲ႔ေမေမ ႏွစ္ေယာက္လုံးနဲ႔တူၿပီး မန္ဆယ္ကေတာ့ ႐ုပ္ရည္ေရာ အျပဳအမူေတြေရာ ေဖေဖ Song Il Kook နဲ႔တူတာပါတဲ့။

Song Il kook ေရာ ဇနီးျဖစ္သူေရာဟာ စိတ္ထားႏူးညံ့ၿပီး သားေလးသုံးေယာက္ကိုလဲ လူလိမၼာေလးေတြျဖစ္ေအာင္ ပ်ိဳးေထာင္နိုင္ပါတယ္။ သားေတြကို Song Il Kook တို႔မိသားစု ထိန္းေက်ာင္းပုံ ၊ ဆုံးမပုံေတြဟာ တကယ္ကိုေလးစားစရာေကာင္းၿပီး Song Il Kook ကို ေတာင္ကိုရီးယားရဲ့ စံျပဖခင္လို႔ေတာင္ ေခၚၾကပါတယ္။

လက္ရွိမွာေတာ့ အႁမြာေလးသုံးေယာက္ဟာ ရွစ္ႏွစ္အရြယ္ရွိၿပီျဖစ္ၿပီး မူလတန္းဒုတိယႏွစ္ကို ေရာက္ေနၾကပါၿပီ။ ငယ္ငယ္တည္းက လူရည္လည္တဲ့ Minguk ေလးကေတာ့ သူငယ္တန္းေက်ာင္းဆင္းပြဲမွာ အားလုံးရဲ့ကိုယ္စား ေက်ာင္းသားကိုယ္စားလွယ္အျဖစ္နဲ႔ ေက်းဇူးတင္စကားေျပာခဲ့ရတာျဖစ္ၿပီး Daehan နဲ႔ Manseh ဟာလဲ စာေတြႀကိဳးစားေနၾကပါတယ္။

သူတို႔ရဲ့ေဖေဖ Song Il Kook ကေတာ့ 2016 ခုႏွစ္ကရိုက္ကူးခဲ့တဲ့ Jang Young Sil ဇာတ္လမ္းတြဲအၿပီးမွာ ဇာတ္ကားရိုက္ကူးမႈမရွိေတာ့ပဲ သားေတြနဲ႔အတူေၾကာ္ျငာေတြေလာက္သာ လက္ခံရိုက္ကူးၿပီး အလုပ္မ်ားတဲ့ဇနီးအတြက္ သားေတြကိုထိန္ေပးေနပုံရပါတယ္။ သူတို႔မိသားစုေလးအေၾကာင္းကို သိခ်င္ၾကတဲ့ပရိတ္သတ္ေတြလဲ ခုလိုစုံစုံလင္လင္သိလိုက္ရလို႔ ေက်နပ္ၾကမယ္ထင္ပါတယ္ေနာ္။

Source: Dar Dar

Share