Lee Donggun နှင့် Jo Yoon Hee တို့ကွာရှင်းပြတ်ဆဲပီဟု သူတို့၏ Agencies များကသတင်းထုတ်ပြန်

Lee Donggun ၏ အေဂျင်စီဖြစ်သောFNC မှ ယခုကဲ့သို့ ထုတ်ပြန်လိုက်ပါသည်။ ” အားလုံးကို စိတ်မကောင်းစရာ သတင်းတစ်ခု အသိပေးကြေငြာစရာ ရှိပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့အေဂျင်စီ၏ မင်းသား Lee Dong Gun ဟာသူ၏ ဇနီးသည်ဖြစ်သော Jo Yoon Hee နှင့် မေ၂၂ရက်နေ့တွင် ကွားရှင်ပြတ်ဆဲ တော့မည်ဟု၍ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ကွာရှင်းဖို့နှင့်ပက်သက်၍ ဥပဒေပိုင်းဆိုင်ရာ လိုအပ်ချက်များကိုတော့ Seoul Family Court မှာ ဆက်လက် လုပ်ဆောင်မှာပင် ဖြစ်ပါတယ်။ ဒီသတင်းနှင့်ပက်သက်၍ ပရိတ်သတ်ကြီးစိတ်မကောင်းဖြစ်သွားရင် တောင်းပန်ပါတယ်။ အနာဂတ်တွင်လည်း ဆက်လက်၍ Lee Dong Gunမှ အနုပညာအလုပ်များကို ကြိုးစား၍ လုပ်ဆောင်သွားပါ့မည်” ဟု ထုတ်ပြန်စာတွင် ရေးသားထားပါသည်။

မင်းသမီး Joo Yoon Hee ၏အေဂျင်စီ ဖြစ်သော King Kong by starship ကလည်း တရားဝင်ထုတ်ပြန်လိုက်ပါသည်။ ” ကျွန်တော်တို့က မင်းသမီး Jo Yoon Hee နှင့်ပက်သက်ပီး စိတ်မကောင်းစရာ သတင်းတခုကို ကြေငြာပါရစေ။ Jo Yoon Hee ရဲ့ ကွားရှင်းပြတ်ဆဲတော့မည်ဆိုသည့် သတင်းဟာ အမှန်ပင် ဖြစ်ပါတယ်။ မေလ ၂၂ ရက်နေ့မှာ Lee Dong Gun နှင့် Jo Yoon Hee တို့ဟာ တရားဝင်ကွားရှင်းလိုက်ပါပီ။”

အခုလိုဝမ်းနည်းစရာသတင်းကို ပြောပြရတဲ့အတွက် စိတ်မကောင်းပင်မဲ့ မင်းသားနှင့် မင်းသမီးတို့ကို ပရိတ်သတ်ကြီးက နားလည်ပေးနိုင်တယ်လို့ မျှော်လင့်မိပါသည်။ Lee Dong Gun နှင့် Jo Yoon Hee တို့ဟာသုံးနှစ်ခန့်လက်ထပ်ခဲ့ပီး ယခုကဲ့သို့ ကွားရှင်းခဲ့တာပင်ဖြစ်ပါတယ်။

သူတို့နှစ်ဦးကွားရှင်းရသည့် အကြောင်းအရင်းကိုတော့ သဘောထားချင်းမတိုက်ဆိုင်သည့်အတွက်ကြောင့်လို့ ပြောခဲ့ပါသည်။သူတို့နှစ်ဦးမှာ သမီးတစ်ယောက် ရှိပါတယ်။ Dispatch ၏ပြောကြားချက်အရတော့ Jo Yoon Hee ဟာ သူတို့၏သမီးကို အုပ်ထိန်းသူအဖြစ်ရရှိနိုင်မည်ဟု ဆိုပါသည်။

Source: Soompi

Share