97 Liner တွေကို အထင်လွဲစေနိုင်တဲ့ Itaewon အရှုပ်တော်ပုံသတင်းအမှားတွေအတွက် ဖြေရှင်းချက်

လွန်ခဲ့တဲ့ရက်ပိုင်းက kpop ပရိတ်သတ်တွေကြား ပြဿနာတွေ သွေးကွဲမှုတွေနဲ့ ဆူဆူညံညံဖြစ်သွားစေခဲ့တဲ့ dispatch ရဲ့သတင်းနဲ့ပတ်သတ်လို့ ဒီနေ့မှာပဲ ဖြေရှင်းချက်တွေထွက်လာပါတယ်။ အကျော်အမော် idol လေးယောက်ရဲ့ စည်းကမ်းဖောက်ဖျက်မှုကို ကိစ္စကြီးသွားအောင် သတင်းဌာနက ဖန်တီးခဲ့တယ်လို့ဆိုပါတယ်။

သတင်းမှာတော့ idol လေးယောက် သွားခဲ့တဲ့နေရာတွေထဲမှာ club တစ်ခုကိုထည့်သွင်းထားပြီး ထိုသတင်းဟာလဲ မရေရာတဲ့သတင်းဖြစ်ပါတယ်။ Club ပိုင်ရှင်ကတော့ သူ့ရဲ့ club ကိုဒီ celebrity တွေတစ်ခါမှရောက်လာတာ မတွေ့ဖူးဘူးလို့ ထွက်ဆိုတာမို့ idol လေးယောက် club ကိုမသွားခဲ့တာ သေချာသလောက်ရှိပါတယ်။ သူတို့သွားခဲ့တဲ့ bar နဲ့စားသောက်ဆိုင်ကလဲ မီဒီယာတွေဖော်ပြနေသလိုမဟုတ်ပဲ အစားအသောက်နဲ့ ယမကာသာ ရောင်းချတာပါ။

ပြီးတော့ ကိုရီးယားမှာ ဧပြီ ၂၀ ရက်နေ့ကနေ မေလ ၅ ရက်နေ့အထိ အသွားအလာကန့်သတ်မှုကို ဖြေလျော့ပေးထားတာမို့ ဧပြီ ၂၅ ရက်နေ့မှာ အပြင်ထွက်ခဲ့တဲ့ ဒီလေးယောက်ဟာ စည်းကမ်းဖောက်ဖျက်တယ်လို့ ပိုလို့တောင်မဆိုနိုင်ပါသေးတယ်။

​သတင်းအမှားနောက်တစ်ခုအနေနဲ့ idol လေးယောက်ဟာ positive လူနာသွားခဲ့တဲ့နေရာကိုသွားခဲ့တာတောင် quarantine မနေပဲ အနုပညာလှုပ်ရှားမှုတွေဆက်လုပ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်ပါ။ 97 liner လေးယောက် Itaewon သွားခဲ့တဲ့ရက်ဟာ positive လူနာသွားခဲ့တဲ့ ရက်မတိုင်ခင်ကပါ။

နောက်တစ်ချက်အနေနဲ့တော့ သတင်းထောက်တွေဟာ အစက idol လေးယောက်သွားခဲ့တယ်ဆိုတာကိုတောင်မသိပဲ မျက်မြင်သက်သေတွေရဲ့ ပြောစကားကြောင့် သိသွားတာဖြစ်ပြီး အဲ့ဒီမတိုင်ခင်က အခြားနာမည်ကြီးယောက်ျားလေးအဖွဲ့ရဲ့ rapper တစ်ယောက်ကိုတောင် မှားယွင်းစွပ်စွဲခဲ့ပါသေးတယ်။

(Zawgyi)

လြန္ခဲ့တဲ့ရက္ပိုင္းက kpop ပရိတ္သတ္ေတြၾကား ျပႆနာေတြ ေသြးကြဲမႈေတြနဲ႔ ဆူဆူညံညံျဖစ္သြားေစခဲ့တဲ့ dispatch ရဲ့သတင္းနဲ႔ပတ္သတ္လို႔ ဒီေန႔မွာပဲ ေျဖရွင္းခ်က္ေတြထြက္လာပါတယ္။ အေက်ာ္အေမာ္ idol ေလးေယာက္ရဲ့ စည္းကမ္းေဖာက္ဖ်က္မႈကို ကိစၥႀကီးသြားေအာင္ သတင္းဌာနက ဖန္တီးခဲ့တယ္လို႔ဆိုပါတယ္။

သတင္းမွာေတာ့ idol ေလးေယာက္ သြားခဲ့တဲ့ေနရာေတြထဲမွာ club တစ္ခုကိုထည့္သြင္းထားၿပီး ထိုသတင္းဟာလဲ မေရရာတဲ့သတင္းျဖစ္ပါတယ္။ Club ပိုင္ရွင္ကေတာ့ သူ႔ရဲ့ club ကိုဒီ celebrity ေတြတစ္ခါမွေရာက္လာတာ မေတြ႕ဖူးဘူးလို႔ ထြက္ဆိုတာမို႔ idol ေလးေယာက္ club ကိုမသြားခဲ့တာ ေသခ်ာသေလာက္ရွိပါတယ္။ သူတို႔သြားခဲ့တဲ့ bar နဲ႔စားေသာက္ဆိုင္ကလဲ မီဒီယာေတြေဖာ္ျပေနသလိုမဟုတ္ပဲ အစားအေသာက္နဲ႔ ယမကာသာ ေရာင္းခ်တာပါ။

ၿပီးေတာ့ ကိုရီးယားမွာ ဧၿပီ ၂၀ ရက္ေန႔ကေန ေမလ ၅ ရက္ေန႔အထိ အသြားအလာကန႔္သတ္မႈကို ေျဖေလ်ာ့ေပးထားတာမို႔ ဧၿပီ ၂၅ ရက္ေန႔မွာ အျပင္ထြက္ခဲ့တဲ့ ဒီေလးေယာက္ဟာ စည္းကမ္းေဖာက္ဖ်က္တယ္လို႔ ပိုလို႔ေတာင္မဆိုနိုင္ပါေသးတယ္။

​သတင္းအမွားေနာက္တစ္ခုအေနနဲ႔ idol ေလးေယာက္ဟာ positive လူနာသြားခဲ့တဲ့ေနရာကိုသြားခဲ့တာေတာင္ quarantine မေနပဲ အႏုပညာလႈပ္ရွားမႈေတြဆက္လုပ္ခဲ့တယ္ဆိုတဲ့စြပ္စြဲခ်က္ပါ။ 97 liner ေလးေယာက္ Itaewon သြားခဲ့တဲ့ရက္ဟာ positive လူနာသြားခဲ့တဲ့ ရက္မတိုင္ခင္ကပါ။

ေနာက္တစ္ခ်က္အေနနဲ႔ေတာ့ သတင္းေထာက္ေတြဟာ အစက idol ေလးေယာက္သြားခဲ့တယ္ဆိုတာကိုေတာင္မသိပဲ မ်က္ျမင္သက္ေသေတြရဲ့ ေျပာစကားေၾကာင့္ သိသြားတာျဖစ္ၿပီး အဲ့ဒီမတိုင္ခင္က အျခားနာမည္ႀကီးေယာက္်ားေလးအဖြဲ႕ရဲ့ rapper တစ္ေယာက္ကိုေတာင္ မွားယြင္းစြပ္စြဲခဲ့ပါေသးတယ္။

Source: Allkpop

Share