တရုတ်ရိုးရာဝတ်စုံများနှင့် လိုက်ဖက်သော မင်းသမီးများ ( အပိုင်း – ၁)

1.Zhao Li Ying

Zhao Li Ying ဟာတရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အောင်မြင်ကျော်ကြားသော မင်းသမီးတစ်ဦး ဖြစ်ပါသည်။ သူမဟာ ခေတ်ပေါ်ဇာတ်လမ်းတွဲများသာမက သမိုင်းအခြေခံ ရှေးဟောင်းတရုတ် နန်းတွင်းကား၊ သိုင်းကားများတွင်ပါ သရုပ်ဆောင်ဖူးပါတယ်။ သူမ၏ချစ်စရာကောင်းသော မျက်နှာ၊တောက်ပသော မျက်လုံးလေးကြောင့် ရိုးရာဝတ်စုံများ ဝတ်လိုက်လျှင် အတော်ပင်လိုက်ဖက်နေပီး ကြည့်ရှူရတာ အဆင်ပြေလွန်းလှပါတယ်။

သူမ၏ Chinese traditional costumes ဝတ်ဆင်၍ ရိုက်ကူးခဲ့ရသည့် ဇာတ်လမ်းအချို့မှာတော့ The journey of flower, Legend of Zu Mountain, Noble Aspirations, Princess Agents, The Monkey King -3, နှင့် The story of MingLan တို့ပဲ ဖြစ်ပါတယ်။ သူမ၏ ရိုးရာဝတ်စုံနှင် ဓာတ်ပုံအချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

2. Yang Zi

Yang Zi ဟာဆိုလျှင် တရုတ်ပြည်၏ Goddessတစ်ဦးဆို၍ တင်စားရအောင်ပင် တရုတ်ရိုးရာအဝတ်အစားများနှင့် လိုက်ဖက်လွန်းလှသော မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ ၂၀၁၉ ထွက်ရှိခဲ့သော Go Go Squid ဇာတ်လမ်းတွဲဖြင့် တရုတ်နိုင်ငံတွင်သာမက တစ်ကမ္ဘာလုံး၏ အားပေးမှုကိုရရှိခဲ့တာပင် ဖြစ်ပါသည်။

သူမဟာ ထိုဇာတ်လမ်းတွဲမတိုင်ခင် ထွက်ရှိသော Ashes of Love ဆိုသည့် တရုတ်ရှေးဟောင်းကားတွင်လည်း နတ်သမီးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသည်။ အဆိုပါဇာတ်လမ်းတွဲတွင် ဝတ်ဆင်ခဲ့သော သူမ၏ရိုးရာဝတ်စုံများနှင့် သူမ၏အလှအပများကြောင့် ပရိတ်သတ်များက Chinese traditional costumes နှင့်လိုက်ဖက်သော မင်းသမီးတစ်ဦးအဖြစ် အသိအမှတ်ပြုခြင်းကို ရရှိခဲ့ပါသည်။

သူမပါဝင်ခဲ့သော တရုတ်ရိုးရာဝတ်စုံ ဝတ်ဆင်ရသည့် ဇာတ်လမ်းတွဲအချို့မှာ Noble Aspirations, Ashes of love, The Destiny of white snake တို့ပဲ ဖြစ်ပါတယ်။ သူမ၏ ရိုးရာဝတ်စုံနှင် ဓာတ်ပုံအချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

3. Yang Mi

Yang Mi ဟာတရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နာမည်ကြီးဝါရင့်သရုပ်ဆောင် တစ်ဦးဖြစ်ပါသည်။ သူမကို စက်တင်ဘာလ ၁၂ ရက်၊ ၁၉၈၆ခုနှစ်တွင် မွေးဖွားခဲ့ပီး ယခုဆိုလျှင်တော့ သူမဟာ အသက်၃၄နှစ်ရှိနေပါပီ။ သူမဟာ တရုတ်ရိုးရာ နန်းတွင်းကား၊သိုင်းကား အများအပြား ရိုက်ကူးဖူးသော မင်းသမီးကြီး တစ်ဦးပဲဖြစ်ပါသည်။

သူမရိုက်ကူးခဲ့သော ရုပ်ရှင်တိုင်း၊ ဇာတ်လမ်းတွဲတိုင်းမှာ ပရိတ်သတ်၏ လက်ခံအားပေးမှုကိုရရှိခဲ့ရုံမျှမက အောင်မြင်မှုများစွာကို ဆွတ်ခူးနိုင်ခဲ့တာချည်းပင် ဖြစ်ပါသည်။ ယင်းတို့အနက် ၂၀၁၇ တွင်ထွက်ရှိခဲ့သော Ten Miles Of Peach Blossoms ဇာတ်လမ်းတွဲဟာ Yang Mi ၏အောင်မြင်ဆုံး မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါသည်။

အဆိုပါဇာတ်လမ်းတွဲတွင် သူမဟာ နတ်သမီး Bai Qian ( ပိုင်ချန်)အနေဖြင့်ပါဝင်သရုပ်ဆောင် ခဲ့ပါသည်။ နတ်သမီးဆိုသည့် ဇာတ်ရုတ်နှင့်လိုက်ဖက်လောက်ပင် အဝတ်အစား၊မိတ်ကပ်အပြင်အဆင်များမှာ ခမ်းနားလှပါသည်။ သူမ၏စွဲဆောင်မှုရှိသောမျက်နှာနှင့် ခမ်းနားပီးလှပသော တရုတ်ရိုးရာဝတ်စုံများကြောင့် သူမကိုနတ်သမီးတစ်ပါးကဲ့သို့ ပရိတ်သတ်များ တကယ်ထင်လောက်အောင်ပင် လုပ်ဆောင်နိုင်ခဲ့ပါသည်။

Yang Mi ၏အောင်မြင်ခဲ့သော ရှေ့ဟောင်းတရုတ်ဇာတ်လမ်းတွဲအချို့ မှာ Legend of Fuyao, Swords of legends, Palace, Chinese Paladin 3, Ten Miles of Peach Blossoms တို့ပဲ ဖြစ်ပါတယ်။ သူမ၏ ရိုးရာဝတ်စုံနှင် ဓာတ်ပုံအချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ ယခုဆိုလျှင်တော့ တရုတ်ရိုးရာဝတ်စုံများနှင့် လိုက်ဖက်သော မင်းသမီးများ ( အပိုင်း ၁ ) ကို ဖော်ပြ၍ ပီးဆုံးသွားခဲ့ပီ ပဲဖြစ်ပါတယ်။ (အပိုင်း-၂ )တွင် မည်သူများကို ဖော်ပြမည်ကို ပရိတ်သတ်ကြီးက ဆက်လက်စောင့်မျှာ် အားပေးပါဦးနော်။

Source: PhooPhoo

  • (Zawgyi) တရုတ်ရိုးရာဝတ်စုံများနှင့် လိုက်ဖက်သော မင်းသမီးများ ( အပိုင်း – ၁)

1.Zhao Li Ying



2. Yang Zi




3. Yang Mi






Source: PhooPhoo

Share