ဖခင်ရဲ့နောက်အိမ်ထောင်နဲ့ရတဲ့ မိသားစုကိုပါ ထောက်ပံ့ပေးနေတဲ့ Kim Soo Hyun

Kim Soo Hyun ရဲ့ငယ်ဘဝကတော့ အခက်အခဲပေါင်းများစွာနဲ့ ဖြတ်သန်းခဲ့ရတာပါ။ ဖခင်ဖြစ်သူနောက်အိမ်ထောင်ပြုသွားပြီးနောက်မှာတော့ မိခင်နဲ့နှစ်ယောက်တည်း ချို့တဲ့စွာရုန်းကန်ခဲ့ရရင်း အနုပညာလောကထဲကိုခြေချခဲ့ကာ အောင်မြင်မှုတွေရခဲ့တာပါ။

နောက်အိမ်ထောင်ပြုလိုက်ကတည်းက သူ့ကိုထောက်ပံ့ခြင်းမရှိတော့တဲ့ ဖခင်ကို Kim Soo Hyun က အခုအောင်မြင်နေချိန်မှာ ငွေကြေးထောက်ပံ့ပေးနေတဲ့အပြင် အညိုးအတေးမထားပဲ အဆက်အသွယ်လဲပုံမှန်လုပ်ပါတယ်တဲ့။

လက်ရှိမှာ ကိုရီးယားရဲ့ဝင်ငွေအကောင်းဆုံး မင်းသားဖြစ်တဲ့ Soo Hyun ဟာ ဖခင်အပြင် ဖခင်ရဲ့နောက်အိမ်ထောင်နဲ့ရတဲ့သမီးကိုပါ ငွေကြေးထောက်ပံ့ပေးနေပြီး သူ့ကိုတစ်ယောက်တည်းကျွေးမွေးပြုစုလာတဲ့မိခင်ကိုလဲ လိုလေသေးမရှိအောင် ပြုစုနေတဲ့ သားလိမ္မာလေးဖြစ်ပါတယ်။

Kim Soo Hyun ဟာ အောက်ခြေကနေ ဒီနေရာအထိ ကိုယ့်ကြိုးစားအားထုတ်မှုနဲ့ကိုယ် တက်လာခဲ့တဲ့ စံနမူနာထားစရာလူငယ်တစ်ယောက်ဖြစ်ပြီး အခုလိုအောင်မြင်လာတော့လဲ မိဘအပေါိသိတတ်လွန်းတာကြောင့် ပရိတ်သတ်တွေက ချီးကျူးနေကြတာဖြစ်ပါတယ်။ နတ်သားလေးတမျှ စိတ်ထားကောင်းတဲ့ Kim Soo Hyun ဟာ မကြာမီမှာပဲ Psycho But It’s Okay ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ပြန်လာဦးမှာမို့ အားပေးဖို့အဆင်သင့်ပြင်ထားကြပါနော်။

  • (Zawgyi)ဖခင္ရဲ့ေနာက္အိမ္ေထာင္နဲ႔ရတဲ့ မိသားစုကိုပါ ေထာက္ပံ့ေပးေနတဲ့ Kim Soo Hyun

Kim Soo Hyun ရဲ့ငယ္ဘဝကေတာ့ အခက္အခဲေပါင္းမ်ားစြာနဲ႔ ျဖတ္သန္းခဲ့ရတာပါ။ ဖခင္ျဖစ္သူေနာက္အိမ္ေထာင္ျပဳသြားၿပီးေနာက္မွာေတာ့ မိခင္နဲ႔ႏွစ္ေယာက္တည္း ခ်ိဳ႕တဲ့စြာ႐ုန္းကန္ခဲ့ရရင္း အႏုပညာေလာကထဲကိုေျခခ်ခဲ့ကာ ေအာင္ျမင္မႈေတြရခဲ့တာပါ။

ေနာက္အိမ္ေထာင္ျပဳလိုက္ကတည္းက သူ႔ကိုေထာက္ပံ့ျခင္းမရွိေတာ့တဲ့ ဖခင္ကို Kim Soo Hyun က အခုေအာင္ျမင္ေနခ်ိန္မွာ ေငြေၾကးေထာက္ပံ့ေပးေနတဲ့အျပင္ အညိဳးအေတးမထားပဲ အဆက္အသြယ္လဲပုံမွန္လုပ္ပါတယ္တဲ့။

လက္ရွိမွာ ကိုရီးယားရဲ့ဝင္ေငြအေကာင္းဆုံး မင္းသားျဖစ္တဲ့ Soo Hyun ဟာ ဖခင္အျပင္ ဖခင္ရဲ့ေနာက္အိမ္ေထာင္နဲ႔ရတဲ့သမီးကိုပါ ေငြေၾကးေထာက္ပံ့ေပးေနၿပီး သူ႔ကိုတစ္ေယာက္တည္းေကၽြးေမြးျပဳစုလာတဲ့မိခင္ကိုလဲ လိုေလေသးမရွိေအာင္ ျပဳစုေနတဲ့ သားလိမၼာေလးျဖစ္ပါတယ္။

Kim Soo Hyun ဟာ ေအာက္ေျခကေန ဒီေနရာအထိ ကိုယ့္ႀကိဳးစားအားထုတ္မႈနဲ႔ကိုယ္ တက္လာခဲ့တဲ့ စံနမူနာထားစရာလူငယ္တစ္ေယာက္ျဖစ္ၿပီး အခုလိုေအာင္ျမင္လာေတာ့လဲ မိဘအေပါိသိတတ္လြန္းတာေၾကာင့္ ပရိတ္သတ္ေတြက ခ်ီးက်ဴးေနၾကတာျဖစ္ပါတယ္။ နတ္သားေလးတမၽွ စိတ္ထားေကာင္းတဲ့ Kim Soo Hyun ဟာ မၾကာမီမွာပဲ Psycho But It’s Okay ဆိုတဲ့ ဇာတ္လမ္းတြဲနဲ႔ ျပန္လာဦးမွာမို႔ အားေပးဖို႔အဆင္သင့္ျပင္ထားၾကပါေနာ္။

Source: Naver News

Share