Song Hye Kyo နှင့် Hyun Bin တို့ပြန်တွဲနေပီလို့ ဘာကြောင့်ပရိတ်သတ်တွေထင်နေကြတာလဲ
ပရိတ်သတ်အချို့ဟာ Sing Hye Kyo နှင့် Hyun Bin တို့ဟာ ပြန်တွဲနေကြပီလို့ ထင်ကြေးပေးနေကြပါတယ်။ အဲ့လိုထင်ရတာလည်း သူတို့မှာသက်သေတွေရှိလို့ လို့ ဆိုနေကြပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၀၈ ခုနှစ်တွင် The world they live in ဆိုသည့်ဇာတ်လမ်းတွဲတွင် တူတူပါဝင် သရုပ်ဆောင်ဖူးပါတယ်။
၂၀၀၉ မှာတော့ မင်းသား Hyun Bin နှင့် မင်းသမီး Song Hye Kyo တို့ဟာတွဲနေပီဖြစ်ကြောင်း သတင်းများပေါ်ပေါက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ လမ်းခွဲခဲ့ပီး Hyun Bin ကလည်း စစ်တပ်ထဲသို့ ဝင်သွားခဲ့ပါတယ်။ လတ်တလောတွင်တော့ ပရိတ်သတ်များက Song Hye Kyo နှင့် Hyun ဟာ ပြန်လည်စုံတွဲခုတ်နေပီဟု ထင်နေကြပါတယ်။ အကြောင်းအရင်းမှာတော့ …
၁. Song Hye Kyo ၏ instagram တွင်တင်ခဲ့သော ဓာတ်ပုံထဲရှိ နေရာသည် Hyun Bin ရိုက်ကူးရေးလုပ်နေသော နေရာနှင့် ဆင်တူနေသောကြောင့်ဖြစ်ပါတယ်။
၂။ Song Hye Kyo ၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သော Park Sol Mi က Song Hye Kyo နှင့် Hyun Bin တူတူသရုပ်ဆောင်ခဲ့သော The world they live in ဇာတ်လမ်းတွဲ၏ သီချင်းကို Screenshot ရိုက်ကာ သူ့၏ IG တွင်တင်ခဲ့ပါသည်။
အဆိုပါ Post ၏အောက်တွင် Song Hye Kyo မှ “Sister…… Hahaha”ဆိုပီး comment ဝင်မန့်ခဲ့ပါတယ်။ ထိုကိစ္စနှင့် ပက်သက်ပီးပရိတ်သတ်များက Park Sol Mi အားမေးမြန်းကြရာ comments section ကိုပါပိတ်လိုက်ပီး Post ကိုပါဖျက်ခဲ့သဖြင့် လူအများအား ပို၍သံသယဝင်သွားစေခဲ့ပါတယ်။
၃။Song Hye Kyo ၏ လည်ပင်းတွင် ဝတ်ထားသော ” S.H”ဆိုသည့် အတိုကောက် စကားလုံးနှစ်လုံးပဲ ဖြစ်ပါတယ်။ တချို့ပရိတ်သတ်များကတော့ ဒါဟာ Song Hye Kyo ၏နာမည်အတိုကောက်လည်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
သူတို့နှစ်ယောက်တကယ်တွဲနေလား မတွဲနေဘူးလား ဆိုတာတော့ ဘယ်သူမှသေချာမပြောနိုင်သေးပေ။ ပရိတ်သတ်ကြီးရော အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်အလက်များအရ ဘယ်လိုထင်မြင်မိကြပါသလဲ။ Comments section တွင် ပါဝင်ဆွေးနွေးနိုင်ပါတယ်နော်။
  • (Zawgyi) Song Hye Kyo နှင့် Hyun Bin တို့ပြန်တွဲနေပီလို့ ဘာကြောင့်ပရိတ်သတ်တွေထင်နေကြတာလဲ
Source: Koreaboo
Share