BLACKPINK နဲ့ Lady Gaga ရဲ့ Sour Candy ထပ်ချိုးလိုက်နိုင်တဲ့ စံချိန်သစ်များ

ထွက်မယ်လို့စီစဉ်ထားတဲ့ရက်ထက်ကျော်ပြီး စောထွက်လာခဲ့တဲ့ Blackpink နဲ့ Lady Gaga ရဲ့ collabration သီချင်းကတော့ အကြီးအကျယ်အောင်မြင်မှုတွေရရှိခဲ့ပြီး ထွက်ရှိပြီး ၂၄ နာရီမတိုင်ခင်မှာတင် စံချိန်သစ်တွေကိုတင်နိုင်ခဲ့တာဖြစ်ပါတယ်။

Sour Candy သီချင်းဟာ audio ချည်းပဲသက်သက်ကို ကြည့်ရှုသူပေါင်းသန်းနဲ့ချီခဲ့ပြီး youtube သမိုင်းတစ်လျှောက် audio သီချင်းတစ်ပုဒ်ကို view အများဆုံးရရှိတဲ့ သီချင်းတစ်ပုဒ်အနေနဲ့ ၂၄ နာရီမပြည့်ခင်မှာတင် သတ်မှတ်ခံခဲ့ရပါတယ်။

နောက်စံချိန်တစ်ခုအနေနဲ့ကတော့ kpop group တွေရဲ့ Biggest debut on Spotify မှာ BTS အဖွဲ့ရဲ့ Blackswan သီချင်းကို ၂၄ နာရီမပြည့်ခင်မှာပဲ ကျော်တက်သွားခဲ့ပြီး ကိုရီးယားအနုပညာရှင်အားလုံးရဲ့ ထိပ်ဆုံးမှာရပ်တည်နေပါတယ်။

BLACKPINK အဖွဲ့ကတော့ YG Entertainment ကမိန်းမငယ်လေး လေးယောက်နဲ့ဖွဲ့စည်းထားတာဖြစ်ပြီး အနောက်နိုင်ငံအထိထိုးဖောက်အောင်မြင်နေကာ ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ ချစ်ခင်အားပေးမှုကိုလဲ ခံရပြီး collabration တွေလဲ ပြုလုပ်ခဲ့ဖူးပါတယ်။ ပရိတ်သတ်တွေလဲ BLACKPINK ရဲ့အောင်မြင်မှုအတွက် ပီတိစကားလေးတွေပြောပေးသွားပါဦးနော်။

  • (Zawgyi) BLACKPINK နဲ့ Lady Gaga ရဲ့ Sour Candy ထပ်ချိုးလိုက်နိုင်တဲ့ စံချိန်သစ်များ





source: koreaboo

Share