Xiao Zhan နှင့် Wang Yibo တို့ အတူတူပါဝင်ခဲ့ကြသည် Day Day Up (Variety Show) မှ moments(အချိန်)များကို ပြန်ကြည့်ကြရအောင်

Day Day Up ဆိုတာဟာ တရုတ်နိုင်ငံ၏ variety show တစ်ခုဖြစ်ပီး Wang Yibo ကိုယ်တိုင်ပါဝင်သော အစီအစဉ်တစ်ခုပင် ဖြစ်ပါတယ်။ Wang Yi Bo ဆိုသည်မှာလည်း ၂၀၁၉ခုနှစ်တွင် ထုတ်လွှင့်ခဲ့သော The Untamed ဇာတ်လမ်းတွဲမှ Lan Wangji ဇာတ်ကောင်ဖြင့် တဟုန်ထိုး နာမည်ကြီးလာခဲ့ပါသည်။

သူနှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့သော Xiao Zhan (Wei Wuxian) မှာလည်း Wang Yibo နည်းတူ အောင်မြင်မှု များစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Wang Yibo ဟာ သူတင်ဆက်နေတဲ့ Day Day Up program ကို Xiao Zhan အား guest အနေနဲ့ဖိတ်ခေါ်ခဲ့ပါတယ်။

The Untamed ထုတ်လွှင့်ခဲ့တာဟာ ယခုဆိုလျှင် တစ်နှစ်ပြည့်ခဲ့ပီးဖြစ်ပီး streams ကြည့်ရှူသူမှာလည်း seven billons ရှိခဲ့ပါတယ်။ သူတို့နှစ်ဦး၏ ရိုက်ကွင်းနောက်ကွယ်မှ ပုံရိပ်များ၊ဗီဒီယိုများဟာလည်း ပရိတ်သတ်များက သဘောကျနှစ်သက်ခဲ့ ကြပါတယ်။

ထို့ကြောင့် Day Day Up ၏အဆိုပါအပိုင်းသည် YiZhan ကိုအားပေးသူများအတွက်တော့ စိတ်ကျေနပ်မှုဖြစ်စေခဲ့ပါတယ်။ အဆိုပါprogram တွင်တော့ Yibo နှင့် Xiao Zhan တို့က တစ်ဖွဲ့ဖြစ်ပီး YiZhan team ဟုခေါ်တွင်ခဲ့ပါတယ်။ ထို့အပြင် program ၏အစီအစဉ်ထဲတွင် Xiao Zhan နှင့် Yibo ဟာတစ်ယောက်နှင့်တစ်ယောက် ၁၁စက္ကန့်ခန့် အချင်းချင်းကြည့်ရမှာပဲ ဖြစ်ပါတယ်။

နှစ်ယောက်သားက တစ်ဦးနှင့်တစ်ဦး အကြည့်ချင်စုံပီး ပြုံးရွှင်နေသောကြောင့် ပရိတ်သတ်များမှာ အထူးပင်ကျေနပ်ခဲ့ရပါတယ်။ Day Day up ၏အဆိုပါ episode သည်လည်း Xiao Zhan နှင့် Yibo တို့ကြောင့် ကြည့်ရှုသူနှုန်းလည်း များပြားခဲ့ပါတယ်။ ထိုအပိုင်းကို ကြည့်ရှုချင်သည်ဆိုလျှင်တော့ MangoTV appတွင် subscription feeပေး၍ subtitled နှင့်တကွ ကြည့်ရှုနိုင်ပါတယ်။

အဆိုပါ episode ၏ နှစ်လိုဖွယ်ရာ moments များ၏ photo များကိုလည်း ပရိတ်သတ်ကြီး အတွက်ထည့်ပေးလိုက်ပါတယ်။

  • (Zawgyi) Xiao Zhan နှင့် Wang Yibo တို့ အတူတူပါဝင်ခဲ့ကြသည် Day Day Up (Variety Show) မှ moments(အချိန်)များကို ပြန်ကြည့်ကြရအောင်


Source: Filmdaily

Share